Monday, December 19, 2011

တွေးတွေးပြီးရယ်


(၁)
တစ်ခါက ညတစ်ညမှာ လူတစ်ယောက်ဟာ အရက်မူးပြီးအိမ်ပြန်လာတော့ ဝက်တဲကို နေအိမ်အမှတ်နဲ့ဝင်ပြီး ဝက်မဘေးမှာဝင်ခွေရင်း ပြောလိုက်တယ်။

"မိန်းမ... ငါ့ကိုရေတစ်ခွက်လောက် ခပ်ပေးစမ်းပါ!"
လူသံကြားတော့ ဝက်မက "အီ.." လို့ အသံတစ်ချက်ပြန်ပေးတယ်။ ဒါကို အဲဒီလူက ဝက်မကို လက်နဲ့ တစ်ချက်စမ်းကြည့်ရင်း ပြောလိုက်တယ်။

"မခပ်ပေးဘူးဆိုလဲ နေပေါ့ကွာ.. မင်းက ဘာညည်းတာလဲ? မင်းအင်္ကျီကလဲ အမွေးတွေနဲ့ ကြယ်သီးကလဲ နှစ်တန်းတောင်ပါလား?"

(၂)
နောက်ချေးပိုးနဲ့ ခြင် ရည်းစားဖြစ်တော့ နောက်ချေးပိုးကမေးတယ်။
"ခြင်လေး.. မင်း ဘာအလုပ်လုပ်သလဲ?"
"ကျွန်မက ဆေးထိုးတဲ့ နပ်စ်မပါ"
"ဟာ... ရေစက်ပဲ.. ငါ့အလုပ်ကလဲ တိုင်းရင်းဆေး ဆေးလုံးဆရာလေ"

(၃)
လူအ နှစ်ယောက် ကောင်းကင်ပေါ်က လမင်းကိုကြည့်ပြီး တစ်ယောက်က နေ၊ တစ်ယောက်က လနဲ့ ငြင်းခုန်နေကြတယ်။ အဲဒီလိုငြင်းခုန်နေတုန်း သူတို့ဘေးနား လူတစ်ယောက်ဖြတ်သွားတော့ လူအ နှစ်ယောက်က...

"ကောင်းကင်ပေါ်က နေမင်းလား? လမင်းလား? အကဲဖြတ်ပေးပါဦး" လို့ဆိုတော့

အဲဒီလူက "ကျွန်တော် ဒီရွာက မဟုတ်တော့ သေသေချာချာ မသိပါဘူး" လို့ ပြန်ဖြေလိုက်တယ်။


(၄)
အဘိုးအိုတစ်ယောက် ငွေထုတ်စက်မှာ ငွေလာထုတ်တယ်။ ဘဏ်ကငွေထုတ်စက်တွေက အသံစနစ်နဲ့ဖြစ်တယ်။

စစ်စတန်က "လျှို့ဝှက်ဂဏန်းရိုက်သွင်းပါ"လို့ ပြောတဲ့အချိန် အဘိုးအိုက ပါးစပ်ကိုလက်နဲ့ကွယ်ရင်း ဂဏန်းလက်ကွက်ကီးဘုတ်နားကပ်ပြီး တိုးတိုးပြောလိုက်တယ်။

"သုညခြောက်လုံး"...


(၅)
သမီး... မေမေ တကယ်လို့ လူကြီးတွေက "ငါစားတဲ့ဆားက နင်စားတဲ့ဆန်ထက်တောင်များတယ်"လို့ ဆိုဆုံးမလာတဲ့အခါ မေမေ ဘယ်လိုပြန်ပြောမလဲ?

မေမေ... မေမေလည်း မသိဘူး။ သူတို့ရဲ့အတွေ့အကြုံက မေမေတို့ထက်များတယ်လို့ ဆိုလိုချင်တာဖြစ်မှာပေါ့။

သမီး... ဟင်း.. မေမေကလဲ... ဆားစားတာများရင် ကိုယ်ခန္ဓာအတွက်မကောင်းဘူးလို့ မေမေ သတိမပေးတော့ဘူးလား?


(၆)


ပြုံးစေရုံမျှသာ....

နိုင်းနိုင်းစနေ


Share/Bookmark

6 comments:

အောင် said...

ကျေးဇူးပဲမစနေ
ပြုံးစေရုံတင်မကပါဘူး၊ ၁ နဲ့ ၆ က အရမ်းပဲ ရယ်ရပါတယ်။

မြသွေးနီ said...

၁၊ ၄ နဲ့ ၆ ..ဖတ်ပြီး အသံတောင် ထွက်ရယ်မိတယ်...။ ၆ က အရယ်ရဆုံးပဲ..။ ဦးနှောက်တွေ ခြောက်နေတုန်း ရယ်စရာတွေ ဖတ်လိုက်ရတာ ကျေးဇူးပါ မနိုင်းရေ..။

Anonymous said...

မတရားသဖြင့်တွေ ရယ်သွားတယ်....


Pifpif

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

lau said...

ဟားးးးးး English is not that easy ! Thanks Sis :)))))

lau said...

ဟားးးးးး English is not that easy ! Thanks Sis :)))))