၂ဝ၁၂ခုနှစ် ဇန်နဝါရီလမှာ အမှတ်(၁)စာအုပ်အဖြစ် မြန်မာပြည်မှာထုတ်ဝေလိုက်တဲ့ Food Magazine လို့ ဆိုပါတယ်။ ဒီအစားအစာမဂ္ဂဇင်းထဲမှာ ပရော်ဖက်ရှင်နယ် စားဖိုးမှူးတွေရဲ့ အချက်အပြုတ်၊ အနုပညာရှင်တို့ရဲ့ အချက်အပြုတ်နဲ့ သာမန်အိမ်ရှင်မတို့ရဲ့ အချက်အပြုတ်တွေအပြင်၊ ကျန်းမာရေးနဲ့ဆိုင်နဲ့ အစားအသောက်၊ အချက်အပြုတ်၊ မုန့်လုပ်နည်းတွေ ပါပါတယ်။ အဲဒီအပြင် နာမည်ကြီးစားဖိုမှူးအကြောင်းတွေလည်း ပါပါတယ်။ အချက်အပြုတ်စိတ်ဝင်စားသူတွေအတွက် Food Magazineရဲ့ ကာလာဓာတ်ပုံအပြင်အဆင်တွေနဲ့ ဖွယ်ဖွယ်ရာရာ ချက်နည်းပြုတ်နည်းတွေကို မြည်းစမ်းကြည့်ဖို့ ပုံတချို့မျှဝေရင်း Food Magazineနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။





ကျွန်မက ပရော်ဖက်ရှင်နယ် ချက်ပြုတ်တတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ သာမန်အိမ်ရှင်မကဏ္ဍမှာ နေ့စဉ်စားသောက်ဖြစ်တဲ့ဟင်းတွေကို ရေးဖြစ်ပါတယ်။ ချက်စားဖြစ်တဲ့ ဟင်းတွေရဲ့အောက်မှာ ကော်မန့်ပေးထားသူတချို့ရဲ့ ကော်မန့်ကို အယ်ဒီတာက ကြိုက်နှစ်သက်လို့ ယူသုံးထားပါတယ်။ ကျွန်မရဲ့"စားမယ်ဝါးမယ်" ဟင်းချက်နည်းအောက်က ကော်မန့်ရေးသူတွေကို တလက်စတည်း ဒီမှာပဲ ခွင့်တောင်းလိုက်ပါတယ်။ နောက်ဟင်းချက်နည်းတွေမှာလည်း အသုံးတည့်မယ့် ကော်မန့်တွေ ပါလာနိုင်မှာမို့လို့ပါ... အားလုံး ကျေးဇူးတင်ပါတယ်း)နိုင်းနိုင်းစနေ



3 comments:
ဟားး ၀ယ်ဖတ်မယ် ၀ယ်ဖတ်မယ် စိတ်ဝင်စားတယ်
သေချာတာတော့သွားပါဘီ ဒီတသက်ဝိတ်ကျဖို့လမ်းမမြင်တော့ပါဘူး မမရယ်း(
အသစ်အဆန်းလေးတွေနဲ့ ထိုးဖောက်နိုင်သူတွေကို ချီးကျူးမိတယ် စနေရေ။ အောင်မြင်စွာ ရပ်တည်နိုင်တဲ့ မဂဇင်းဖြစ်ပါစေလို့ ....း)
ကျေးဇူးပါပဲ ထွက်ချိန်ကို စောင့်နေရတာ မောနေပါပြိ မ ကျေးဇူးတင်ပါတယ် food magazine လေး တည်မြဲမှု ကြာရှည်အောင် ကြိုးစားပေးပါဦးနော်
Post a Comment