Friday, April 29, 2011

လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ


ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတဲ့၊ ချွေတာတဲ့၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းတဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေဖြစ်တယ်။ မိခင်ရဲ့အပြုအမှု၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်တယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

ငယ်ရာကနေ ကြီးပြင်းလာတဲ့ လမ်းတစ်လျှောက် မိခင်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မိခင်ရဲ့အရာအားလုံးဖြစ်တဲ့ အပြုအမှု၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်တယ်။

ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်

လူအများရဲ့အတွေးထဲမှာ မိန်းမဆိုတာ အားနည်းပျော့ညံ့သူလို့ တွေးထင်ထားကြတယ်။ "သန်မာကြံ့ခိုင်" ဆိုတဲ့စကားက ယောက်ျားတွေအတွက်ပဲလို့ ထင်ခဲ့ကြတယ်။

တကယ်တမ်းတော့ ဘဝမှာဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါ အဲဒီအခက်အခဲကို မတွန့်မဆုတ်၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေသူတွေဟာ အားနည်းပျော့ညံ့တယ်လို့ လူတွေထင်ထားကြတဲ့ မိန်းမတွေပဲဖြစ်တယ်။ မိန်းမတွေဟာ တခြားဘက်တွေမှာလည်း ယောက်ျားတွေထက် ပိုကြံ့ခံ၊ ပိုသန်မာတဲ့ အင်အားတွေရှိပါတယ်။

လင်ယောက်ျားသေဆုံးသွားတဲ့ မုဆိုးမမိခင်တစ်ဦးဟာ သားသမီး(၉)ယောက်ရှိတဲ့ မိသားစုတစ်စုကို တစ်ယောက်တည်း ပုခုံးထမ်းတာဝန်ယူခဲ့တယ်။ ဘယ်လိုကြောက်ရွံ့မှုမျိုး၊ ဘယ်လိုအခက်အခဲကမှ အဲဒီမိခင်ရဲ့ခြေလှမ်းနဲ့ ယုံကြည်မှုကို မယိုင်လဲစေနိုင်ခဲ့ဘူး။ မိခင်ဆုံးတော့ သားသမီးတွေက မိခင်ကိုဖခင်ရဲ့ အုတ်ဂူဘေးမှာ အတူမြှုပ်နှံ့ပေးပြီး ဂူရှေ့မှာ "မိခင်သစ်ပင်"တစ်ပင်ကို စိုက်ထူခဲ့တယ်။ အဲဒီသစ်ပင်က မြင့်မြတ်၊ ကြံ့ခိုင်တဲ့မိခင်ကို အထိမ်းအမှတ်ပြုတဲ့ သစ်ပင်ဖြစ်တယ်။


သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်

မိန်းမတွေကို ရင်ဘတ်ကျဉ်းတယ်၊ စိတ်သဘောထား သေးတိမ်တယ်လို့ ဟိုရှေးယခင်ကတည်းကနေ ဒီနေ့ထိ လူတွေစာဖွဲ့ခဲ့ကြတယ်။ တချို့ကလည်း မိန်းတွေဟာ ဆံပင်သာရှည်တယ်၊ ဗဟုသုတနည်းတယ်လို့ဆိုကြတယ်။ လောကမှာ ယောက်ျားတွေရဲ့စိတ်သဘောထားကပဲ ချောက်ကမ်းပါးထက် ကြီးသလို၊ မိန်းမတွေရဲ့စိတ်သဘောထားက တောင်တန်းကြားက လမ်းကျဉ်းတွေလို ဆိုခဲ့ကြတယ်။

တကယ်တမ်းတော့ မိန်းမတွေရဲ့ စိတ်သဘောထားကြီးပုံက လေးစာအတုယူဖို့ကောင်းတယ်။ ဒီလို စိတ်သဘောထားကြီးတဲ့ မိန်းမတွေကြောင့် မိခင်တစ်ဦးရဲ့ ကြီးမြတ်ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ သားသမီးတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ရတယ်။

ယောက်ျားစွန့်ပစ်သွားတဲ့ အမျိုးသမီးတစ်ဦးဟာ လူမမယ်ကလေးငါးယောက်ကို ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တယ်။ ဒါဟာ ကြီးမြတ်တဲ့ မိခင်တစ်ဦးရဲ့ စိတ်သဘောထားဖြစ်တယ်။


ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်

လူ့လောကကြီးမှာ ကြောက်စရာအကောင်းအရာက အပြုအမှုရက်စက်ခြင်းနဲ့ လျစ်လျူရှုခံရခြင်းဖြစ်တယ်။ ဒီအရာနှစ်ခုကို လူအများရှောင်လွဲနိုင်လိမ့်မယ်လို့ ဘယ်သူကမှ မခန့်မှန်းနိုင်ကြဘူး။

"ကရုဏာတရား၊ စာနာရိုင်းပင်းမှု"က သင်ယူလေ့ကျင့်လို့ရတယ်ဆိုပေမယ့် တကယ့်ရင်းမြစ်က ကြင်နာတတ်တဲ့ မိခင်ကနေ လာတာဖြစ်တယ်။

ဘီလ်ဂိတ်က မိခင်ဆီကနေ "ကရုဏာတရားနဲ့ အကြင်နာတရား" ကို သူရခဲ့ပါတယ်လို့ ဆိုတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆင်းရဲဒေသတွေအတွက် ဘီလ်ဂိတ်လှူဒါန်းခဲ့တာကို ကြည့်ခြင်းအားဖြင့် ကြင်နာတတ်တဲ့မိခင်တစ်ဦးရဲ့ သားသမီးအပေါ် အကျိုးသက်ရောက်မှုကို တွေ့မြင်နိုင်ပါတယ်။


တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဝီရိယရှိစေတယ်

စာပေအများစုမှာ ဒါမှမဟုတ် ရုပ်ရှင်ဗီဒီယိုတွေထဲမှာ ရေးသားပြသတတ်တာတွေက အခက်အခဲကြုံချိန်၊ ဆင်းရဲဒုက္ခနဲ့တွေ့ချိန် မိခင်တွေဟာ အော်ဟစ်ငိုယိုမယ်၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုတာပဲဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေ့မြင်နေတာတွေက ဆင်းရဲဒုက္ခ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတဲ့ မိခင်တွေရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အပြုအမှုတွေဖြစ်တယ်။ ဒီလိုအပြုအမှုတွေက ဘာစကားလုံး ဘာခံစားချက်နဲ့မှ ဖော်ပြလို့မရနိုင်အောင် ရင်ထဲ တစ်သက်စွဲငြိစေပါတယ်။


နူးညံ့သိမ်မွေ့တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်

လူတိုင်းရဲ့ကိုယ်ပေါ်မှာ နူးညံ့သိမ်မွေ့ခြင်းတွေရှိတယ်။ ဒါဟာ လူတစ်ယောက်ရဲ့အရည်အသွေးဖြစ်တယ်။ အရည်အသွေးကောင်းမှ လုပ်သမျှ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။

မိခင်က လူကြီးသူမတွေကို ရိုသေတယ်၊ ကလေးငယ်တွေကို ချစ်ခင်တယ်ဆိုရင် သားသမီးတွေကလည်း ဒါတွေကို အလိုလိုနဲ့ သင်ယူနေကြတယ်။ မိခင်က ချွေတာတယ်ဆိုရင် သားသမီးတွေက အလိုလိုနဲ့ အသုံးအဖြုန်းမကြီးတော့ဘူး။ မိခင်က စည်းကမ်းတကျရှိတယ်ဆိုရင် သားသမီးတွေက အနေအထိုင်မှာ ပရမ်းပတာမဖြစ်တော့ဘူး။


ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်

ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့တွေးတောမှုကို အကျိုးသက်ရောက်စေတယ်ဆိုရင် ပညာတတ်မိခင်က ပိုနက်နဲတဲ့တွေးတောမှုကို ပေးနိုင်ပါတယ်။ ဒါဟာ လမ်းလျှောက်သင်စ ကလေးငယ်တစ်ဦးလို လူကြီးရဲ့လက်ကိုတွဲပြီး တဖြည်းဖြည်း လမ်းလျှောက်သင်ယူတာနဲ့ အတူတူဖြစ်တယ်။

ပညာကြွယ်တဲ့မိခင်တစ်ဦးဟာ ကလေးငယ်မွေးဖွားစကနေ ကြီးပြင်းတဲ့အထိ နေ့စဉ်ဘဝတိုင်း ကလေးငယ်အပေါ် နည်းနည်းချင်းစီ သက်ရောက်နေပါတယ်။ မိခင်တိုင်းက သူတို့နည်း၊ သူတို့ဟန်နဲ့ သူတို့ သားသမီးအပေါ် သက်ရောက်နေကြတယ်။ မိခင်တိုင်းမှာ မိခင်တိုင်းရှိအပ်တဲ့ အကြင်နာတရားတွေ၊ စိတ်သဘောထားကြီးမြတ်ခြင်းတွေ၊ ကြံ့ခိုင်ခြင်းတွေ...... ရှိပါတယ်။ အဲဒီအရာတွေကို သားသမီးတိုင်း သိမြင်၊ သင်ယူတတ်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/qinqingwenzhang/20110202/169664.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Wednesday, April 27, 2011

အကြင်နာအင်အား


အိန္ဒိယနိုင်ငံ မြောက်ဘက်ဒေသမှာ ကယ်ရီမားလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာက မြေဟာ ကျတ်တီးမြေဖြစ်တာကြောင့် ဘာမှစိုက်ပျိုးမဖြစ်ထွန်းခဲ့ဘူး။ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ နပ်မှန်အောင် မနည်းကြိုးစားရတယ်။ ရွာနဲ့မနီးမဝေးတစ်နေရာမှာ လမ်းမကြီးတစ်ခုရှိပြီး အဲဒီလမ်းမကြီးမှာ ကားတွေဟာ မကြာခဏဆိုသလို ပျက်နေခဲ့တယ်။

တစ်ခါက အစာသွပ်ဗူးတွေတင်ထားတဲ့ ကားတစ်စီးဟာ အဲဒီလမ်းမတစ်နေရာမှာ တိမ်းမှောက်ပြီး ချောင်းထဲကျသွားခဲ့တယ်။ ကားဆရာဒဏ်ရာရလို့ ကားတစ်စင်းနဲ့ ဆေးရုံကိုပို့နေတုန်းမှာ ကားပေါ်ကကုန်တွေကို ကြည့်မယ့်လူ မရှိခဲ့ဘူး။ ဒါကို ရွာသားတွေတွေ့တော့ အစာသွပ်ဗူးတွေကို အိမ်ခိုးသယ်ကြတယ်။ အဲဒီလိုနဲ့ အိမ်တိုင်းအိမ်တိုင်း ရက်တော်တော်ကြာ စားစရာတွေ ရှိခဲ့ကြတယ်။

အဲဒီကိစ္စဖြစ်ပျက်ပြီးနောက် ရွာသားတွေ အကြံတစ်ခုရသွားတယ်။ တောင်နဲ့နီးရင် တောင်ကိုမှီစား၊ ရေနဲ့နီးရင် ရေကိုမှီစားဆိုသလို ကားလမ်းနဲ့နီးတော့ ကားလမ်းကိုမှီစားကြတော့တယ်။ ဒါပေမဲ့ ကားတွေက အမြဲတိမ်းမှောက်နေတာ မဟုတ်တော့ ရွာသားတွေ အကြံတစ်ခုထုတ်ကြတယ်။ ညအချိန် လမ်းပေါ်မှာ လူနည်းတဲ့အခါ ရွာသားတွေဟာ ပေါက်တူးပေါက်ပြားတွေယူပြီး လမ်းကိုဖျက်ကြတယ်။ ဒါမှ ချိုင့်တွေ၊ တွင်းတွေပြည့်နေတဲ့ လမ်းပေါ်မှာ ကားတွေဟာ မတော်တဆဖြစ်နှုန်းများမှာဖြစ်တယ်။

ကားတွေက အဲဒီလမ်းပေါ်မှာ မတော်တဆမဖြစ်လည်း လမ်းမကောင်းတာကြောင့် ကားကိုအရှိန်လျော့ပြီး မောင်းနှင်ကြရတယ်။ အဲဒီအခါ ရွာသားတွေဟာ ကားဆရာမသိအောင် ကားနောက်ကနေ ပစ္စည်းတွေနှိုက်ကြတယ်။ အဲဒီလိုနဲ့ စစချင်းမှာ စားစရာတွေကို ခိုးတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကုန်ပစ္စည်းတွေကိုပါ ခိုးပြီး မြို့ပေါ်တက်ရောင်းကြတယ်။ အဲဒီနောက်ပိုင်းတော့ ခိုးရုံနှိုက်ရုံမက သူတို့လုယှက်လာကြတော့တယ်။

တခဏအတွင်းမှာပဲ အဲဒီလမ်းဟာ မလုံခြုံဆုံးလမ်း ဖြစ်လာခဲ့တော့တယ်။ လစဉ်လတိုင်း လုယှက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါကို ရဲတွေလိုက်ပြီး လုယှက်နေတဲ့ ရွာသားနှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်။ လုယှက်သူနှစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ရွာသားတွေ မဖြုံခဲ့ကြဘူ။ လုယှက်မြဲလုယှက်နေပြီး ရဲတွေကို ပိုပုန်းရှောင်၊ ပိုသတိရှိခဲ့ကြတယ်။

ရွာသားတွေဟာ လုယှက်ဖို့ အဖွဲ့တွေဖွဲ့လာကြပြီး စောင့်ကြည့်၊ သတင်းပို့သူတွေပါ ထားရှိလာကြတယ်။ လုလို့ရတဲ့ပစ္စည်းတွေကို အိမ်ပြန်ဖွက်ထားကြသလို ရဲတွေလာစစ်တဲ့အခါ သက်သေခံပစ္စည်းတွေ ရှာမတွေ့အောင် ပစ္စည်းရဲ့အထုပ်အပိုးကိုပါ ပြောင်းလဲခဲ့ကြတယ်။ အုပ်ချုပ်သူတွေကလည်း ကယ်ရီမားရွာက ရွာသားတွေကို ပစ္စည်းမလုယှက်ကြဖို့၊ ရာဇဝတ်မှုတွေ မကျူးလွန်ကြဖို့၊ လမ်းကောင်းလမ်းမှန်ပေါ်ရောက်အောင် နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်။

ဒါပေမဲ့ ကယ်ရီမားရွာသားတွေဟာ လုယှက်လို့ရလာတဲ့ ပစ္စည်းတွေအပေါ် သာယာပျော်မွေ့နေခဲ့ကြတယ်။ ဒီလို ဘာမှပင်ပင်ပန်းပန်း လုပ်စရာမလိုတဲ့ ဘဝမှာ သူတို့ကျင့်သားရနေခဲ့ကြတယ်။ ဒါကြောင့် သေနတ်ပြ ပစ္စည်းလုတဲ့လုပ်ရပ်ဟာ ကယ်ရီမားရွာ အနီးတဝိုက်မှာ ဖြစ်မြဲဖြစ်နေခဲ့တော့တယ်။ အဲဒီနှစ်ရဲ့ ဆောင်းရာသီမှာ အလုအယှက်များတဲ့ ကယ်ရီမားရွာက လမ်းကို ကားသမားတွေ ရှောင်လာကြတယ်။ ဒါကြောင့် ရက်တော်တော်ကြာကြာ ရွာသားတွေ ရိက္ခာပြတ်ခဲ့ကြတယ်။

တစ်နေ့မှာ ကုန်ကားတစ်စီး ကယ်ရီမားရွာကိုဖြတ်တယ်။ ကားပေါ်မှာ ဖော့စဖိတ်မှုန့်တွေ အိတ်နဲ့အပြည့်တင်ထားတယ်။ ဒီဖော့စဖိတ်တွေက လုပ်ငန်းတွေမှာ သုံးဖို့ဖြစ်တယ်။ ရွာသားတွေဟာ ကားကိုတွေ့တာနဲ့ ဝိုင်းဖွဲ့ပြီး လုယှက်ကြတော့တယ်။ ကားသမားက ရွာသားတွေ လုယှက်တာကိုတွေ့တော့ ကားရပ်ပြီး ကယ်ရီမားရွာထဲအထိ လိုက်သွားတယ်။ ကားရပ်တော့ ရွာသားတွေလုဖို့ ပိုအခွင့်အရေး ရသွားတယ်။ လူတွေက မကြောက်မလန့် ကားတစ်စင်းလုံး ပြောင်သလင်းခါအောင် ပစ္စည်းတွေကို သယ်ယူခဲ့ကြတယ်။

ကားဆရာဟာ ရွာထဲဝင်ပြီး ရွာသားတွေကို ပစ္စည်းပြန်ပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့မယူပါဘူးလို့ ငြင်းဆိုကြတယ်။ ကားဆရာဘယ်လို တောင်းပန်တောင်းပန် ပစ္စည်းတွေကို သူတို့ပြန်မပေးခဲ့ကြဘူး။ နောက်ဆုံး ကားဆရာက ဒီအမှုန့်တွေဟာ စားလို့ရတဲ့ ရိုးရိုးသာမန်အမှုန့်တွေ မဟုတ်ကြောင်း၊ လုပ်ငန်းထဲသုံးတဲ့ ဖော့စဖိတ်မှုန့်တွေဖြစ်ကြောင်း၊ အဆိပ်ရှိကြောင်း၊ စားမိရင် သေတတ်ကြောင်း ပြောပြတယ်။ ကားဆရာရဲ့စကားအမှန်ကို ရွာသားတွေ မယုံခဲ့ကြဘူး။ ဒီအမှုန့်တွေဟာ လက်နဲ့ကိုင်ကြည့်တာပဲဖြစ်ဖြစ်၊ အရောင်မှာပဲဖြစ်ဖြစ် စားလို့ရတဲ့အမှုန့်နဲ့ ခွဲလို့မရခဲ့လို့ဖြစ်တယ်။

ရွာသားတွေ သူ့စကားကိုမယုံတော့ ကားဆရာ ဘာဆက်လုပ်ရမှန်းမသိ လန့်သွားခဲ့တယ်။ ရဲကို သူအကြောင်းကြားချင်ပေမယ့် သူရွာကခွာတာနဲ့ ရွာသားတွေ အဲဒီအမှုန့်ကို စားစရာမှတ်ပြီး စားလိုက်မှာလဲ စိုးရိမ်နေခဲ့တယ်။

တစ်အိမ်ချင်း သူလိုက်ရှင်းပြခဲ့တယ်။ ရွာသားတွေရှေ့ဒူးထောက်ပြီး "အဲဒီအမှုန့်ကို မစားပါနဲ့ သေတတ်တယ်"လို့ သူရှင်းပြခဲ့တယ်။ ကားဆရာ အကြိမ်ကြိမ်တောင်းပန်တော့ ရွာသားတချို့က သူ့စကားကို ယုံလာခဲ့ကြတယ်။ လူတချို့က ကြက်ကို အဲဒီအမှုန့် စမ်းကျွေးကြည့်ကြတယ်။ တကယ်ပဲ စားပြီးသိပ်မကြာဘူး ကြက်တကယ်သေသွားတာကို တွေ့ရတယ်။

အဲဒီတခဏ ရွာသားတွေ ထိတ်လန့်သွားကြတယ်။ ပြီးတော့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်ကြတယ်။ ကားဆရာရဲ့ ပစ္စည်းကိုလုယှက်လို့ ကားဆရာက သူတို့ကိုမုန်းသင့်တယ်။ ဒီအမှုန့်တွေကို စားပြီး သူတို့သေသင့်တယ်၊ ဒါဟာ သူတို့ရထိုက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ သူတို့ထင်ခဲ့တယ်။ ဒါပေမဲ့ ကားဆရာက သူတို့ကို မမုန်းတဲ့အပြင် အမှုန့်ကိုမစားဖို့၊ သူတို့အသက်ကို ကယ်တင်ဖို့ ဒူးထောက်တောင်းပန်ခဲ့တယ်။ ဒီလိုမေတ္တာစိတ်၊ ဒီလို ကြင်နာစိတ်၊ ဒီလို ဂရုစိုက်ခြင်းမျိုးက ရွာသားတွေကို ရှက်ရွံ့စေခဲ့တယ်။ နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့တယ်။ ရွာသားတွေက ဖော့စဖိတ်မှုန့်အားလုံးကို ကားပေါ်ပြန်တင်ပေးလိုက်ကြတယ်။

အဲဒီအဖြစ်အပျက်နောက် ကယ်ရီမားရွာသားတွေဟာ ပစ္စည်းထွက်မလုခဲ့ကြတော့ဘူး။ လုဖို့ကြံနေသူတွေကိုလည်း လူတချို့က "ဟိုစိတ်ကောင်းရှိတဲ့ ကားဆရာကို သတိရကြစမ်းပါ။ သူကို ငါတို့ထိခိုက်အောင်လုပ်ခဲ့လည်း သူက ငါတို့တစ်ရွာလုံးရဲ့အသက်ကို ကယ်ခဲ့တယ်။ သူ့ကိုသတိရပြီး တခြားလူကို ထိခိုက်နစ်နာဖို့ ငါတို့ဆက်လုပ်ရက်ကြသေးလား? ငါတို့ဟာ တကယ်ပဲ မကောင်းဆိုးဝါးတွေလား?"လို့ ဆိုခဲ့တယ်။

ကယ်ရီမား အနီးနားက လမ်းမကြီး လုံခြုံသွားပါပြီ။ ရဲတွေရဲ့ ထိန်းချုပ်မှု၊ သက်ဆိုင်ရာလူကြီးတွေရဲ့ ပြုပြင်ထိန်းသိမ်းမှုကြောင့် လုံခြုံသွားတာ မဟုတ်ဘဲ ကားဆရာတစ်ယောက်ရဲ့ အကြင်နာကြောင့် ပြောင်းလဲသွားတာဖြစ်တယ်။

လူရဲ့အကျင့်က ပြောင်းလဲလို့ရတယ်။ သင် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
လူရဲ့ကြင်နာမှုက နှိုးဆွလို့ရတယ်။ သင် ဘယ်လိုနှိုးဆွမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

လူတိုင်းရဲ့ရင်ထဲမှာ ကြင်နာတဲ့ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ချစ်ခြင်းမေတ္တာနဲ့ တီးခတ်မှ သံစဉ်မြည်နိုင်တယ်။ လူတွေရဲ့ကြင်နာမှုကို ရချင်ရင် ပထမဦးဆုံး သင့်ရဲ့ကြင်နာမှုကို ထုတ်သုံးရတယ်။ ဘယ်လောက်ဆိုးဝါးတဲ့လူပဲဖြစ်ဖြစ် သင့်ရဲ့အကြင်နာနဲ့ သူရဲ့အကြင်နာကို နှိုးဆွနိုင်ပြီး ဆိုးဝါးမှုတွေကို ပထုတ်ပေးနိုင်ပါတယ်။

မူရင်း-- http://www.daode.org/jwsx/274.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, April 26, 2011

ကလေးငယ်တွေကို ပျော်ရွှင်စေတဲ့ (၁၁)နည်း


ပျော်ရွှင်တဲ့ကလေးငယ်တွေမှာ တူညီတဲ့အချက်တွေရှိတယ်လို့ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိခဲ့ကြတယ်။ အဲဒီတူညီချက်တွေက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ အကောင်းမြင်တတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်တယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်နဲ့ကိုက်ညီတဲ့ အကြံ(၁၁)ချက်နဲ့ ပျော်ရွှင်ကျန်းမာတဲ့ကလေးတစ်ယောက် ပြုစုပျိုးထောင်နိုင်အောင် ထုတ်ဖော်တင်ပြလိုက်ပါတယ်။

(၁) ကလေးငယ်ကို ဆော့ကစားဖို့အချိန်ပေးပါ။ နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ သတ်မှတ်မထားပါနဲ့

အမေရိကန် ကလေးပညာဖွံ့ဖြိုးရေး ပညာရှင် Thomas. Armstrongက လွတ်လွတ်လပ်လပ် ဆော့ကစားခြင်းက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေတယ်လို့ဆိုတယ်။

ကလေးငယ်ရဲ့အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေစီစဉ်မထားသင့်ဘူး။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။ ဒီလိုမှ သူတို့ရဲ့တွေးတောစွမ်းရည်တွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။ ပင့်ကူအိမ်ဖွဲ့နေတာကို သူတို့စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့အလင်းဖြာသလဲဆိုတာကို သူတို့လေ့လာပါစေ။ သူတို့ရဲ့သဘာဝအတိုင်း သူတို့စိတ်ဝင်စားတဲ့ လောကကြီးအကြောင်းကို သူတို့စူးစမ်းပါစေ။ သင်လည်း သင်ခြေလှမ်းကိုအရှိန်လျော့ အချိန်ဇယားတွေကို ဘေးဖယ်ပြီး ကလေးနဲ့စည်းဝါးကျကျ ဘဝကိုခံစားကြည့်နိုင်ပါတယ်။

(၂) တခြားသူကို ဂရုစိုက်ချစ်ခင်တတ်ဖို့ သွန်သင်ညွန်ပြပါ

ပျော်ရွှင်တဲ့ကလေးငယ်ဟာ တခြားလူနဲ့ ဆက်နွယ်တဲ့ခံစားချက်ကို ခံစားနားလည်ဖို့ လိုအပ်တယ်။ ဒီလိုခံစားချက်ကို တခြားကလေးကူညီတာ၊ လူတွေနဲ့ ပြောဆိုဆံဆက်တာကနေ ရနိုင်တယ်။ ကလေးနဲ့အတူ ကစားစရာတွေ သိမ်းဆည်းတာကို သင်လုပ်နိုင်သလို ဆင်းရဲတဲ့နိုင်ငံက ကလေးငယ်တွေအတွက် ရံပုံငွေတွေကို အတူထည့်သွင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ကျောင်းမှာလုပ်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်နိုင်အောင် ကလေးငယ်ကို အားပေးတတ်ရပါမယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ ကလေးငယ်တွေဟာ ငယ်ငယ်လေးကတည်းက တခြားလူကိုကူညီရင်း အပျော်တွေကို ခံစားမိတတ်တယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း တခြားလူကို ကူညီတဲ့အကျင့် ရှိသွားတယ်လို့ ဆိုပါတယ်။

(၃) အားကစားလုပ်ဖို့ ကူညီအားပေးပါ

ကလေးငယ်နဲ့အတူ ဘောလုံးဆော့ကစားတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ.... တွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကိုကျန်းမာအောင် လေ့ကျင့်ပေးရုံသာမက သူ့ကို ပိုဖော်ရွေပျော်ရွှင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးငယ်ရဲ့စိတ်ဖိအားနဲ့ ခံစားချက်ကို ဖြည်လျော့ပေးနိုင်သလို သူ့ကိုယ်သူကိုလည်း နှစ်သက်စေပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ အားကစားကြောင့်ရတဲ့ ပျော်ရွှင်မှုနဲ့ ကြီးပြင်းမှုတွေကိုလည်း ခံစားစေပါတယ်။

(၄) အမြဲပြုံးရယ်ပါ

ကလေးငယ်နဲ့ ရယ်စရာတွေပြောပြီး အမြဲပြုံးရယ်ပါ။ ပျော်စရာသီချင်း၊ ရယ်စရာသီချင်းတွေကို စပ်ဆိုပါ။ ပက်ပက်ဟက်ဟက် ရယ်မောခြင်းက ကလေးနဲ့သင့်ကို ကောင်းကျိုးတွေရစေပါတယ်။ အားပါးတရ ရယ်မောခြင်းက အကောင်းဆုံး အားကစားတစ်မျိုးဖြစ်ပါတယ်။

(၅) ဆန်းသစ်တဲ့ ချီးမွမ်းမှုတွေရှိပါစေ

ကလေးငယ်မှာ ကောင်းတဲ့အပြုအမူတွေရှိတဲ့အခါ "ကောင်းတယ်"ဆိုတဲ့ စကားတစ်ခွန်းသာမက တိကျတဲ့ချီးကျူးမှုတချို့လည်း လိုအပ်တယ်။ သူရဲ့ဘယ်အပြုအမူက လူကိုပိုသတိထားမိစေကြောင်း ဒါမှမဟုတ် အရင်တစ်ခေါက်ထက် ပိုတိုးတက်လာကြောင်း အသေးစိပ်တချို့ကို ပြောသင့်တယ်။ ဥပမာ "ဒီမနက် ကျောင်းပေါက်စောင့် ဦးဦးကို သမီးအရင်စနှုတ်ဆက်လိုက်တယ်.... သမီးသိပ်လိမ္မာတာပဲ" ဆိုသလိုမျိုး။ ဒါပေမဲ့ ချီးကျူး၊ ချီးမွမ်းပြောတဲ့နေရာမှာ ကလေးငယ်တွေအတွက် မှားယွင်းတဲ့အကျင့်မဖြစ်အောင်လည်း သတိထားရပါတယ်။ တချို့မိဘတွေက လက်ဆောင်၊ ငွေကြေးတွေသုံးပြီး ကလေးငယ်ကို ချီးမွမ်းကြတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ရဲ့ အဓိကစိတ်က ကောင်းမွန်တဲ့အပြုအမူပေါ် မဟုတ်တော့ဘဲ လက်ဆောင်ငွေကြေးတွေအပေါ် သက်ရောက်သွားတတ်တယ်။ ကိစ္စတစ်ခုဆောင်ရွက်ပြီးတိုင်း ရလာတဲ့အောင်မြင်မှုနဲ့ အားရကျေနပ်မှုကို ကလေးငယ်ခံစားအောင် မိဘတွေကသိစေသင့်တယ်။ လက်ဆောင်ပစ္စည်းနဲ့ ချီးကျူးတာမျိုး မဖြစ်သင့်ဘူး။

(၆) ကျန်းမာတဲ့အစားအစာတွေ စားပါစေ

ကျန်းမာတဲ့အစားအစာတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက စိတ်ခံစားမှုကိုလည်း တည်ငြိမ်စေတယ်။ ထမင်းစားတဲ့အခါဖြစ်ဖြစ် သွားရေစာစားတဲ့အခါဖြစ်ဖြစ် ကျန်းမာတာကို အဓိကထားပြီး စားသုံးသင့်တယ်။ ဥပမာ-- အဆီနည်း၊ အချိုနည်းတဲ့အစာ၊ လတ်ဆပ်တဲ့အစာ စတာတွေကို မျှမျှတတ စားသုံးသင့်ပါတယ်။

(၇) သူ့ရင်ထဲ ကိန်းဝပ်နေတဲ့ အနုပညာပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်ပါ

"Mozart Effect" မိုးဇက်သက်ရောက်မှုဆိုတာ မရှိဘူးလို့ သိပ္ပံပညာရှင်တွေ အတည်ပြုခဲ့ပေမယ့် ကလေးတော်တော်များများဟာ ဂီတ၊ ပန်းချီ၊ အကစတာတွေနဲ့ ထိတွေ့မိတာနဲ့ ပျော်ရွှင်မြူးတူးလာတတ်ကြတယ်။ ဒီအရာတွေနဲ့ ကလေးငယ်ရဲ့စိတ်လောကကို ပြည့်ဖြိုးစေနိုင်ပါတယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ကလေးငယ်တွေဟာ အတီးတွေနောက်လိုက်ပြီး ကခုန်တာ ဒါမှမဟုတ် ရောင်စုံခဲတံနဲ့ လျှောက်ခြစ်တာ စတာတွေဟာ သူတို့ရဲ့အတွင်းစိတ်၊ ခံစားချက်ကို ထုတ်ဖော်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးငယ်တွေ ပန်းချီဆွဲဝါသနာပါတာ၊ ကတာကို နှစ်သက်တာ၊ ဂီတတူရိယာတွေကို တီးမှုတ်တာတွေဟာ သူတို့ကိုယ်သူတို့ နှစ်သက်အားကျစေပါတယ်။

(၈) မကြာခဏ ပွေ့ဖက်ပါ

ခပ်ဖွဖွပွေ့ဖက်မှုတစ်ခုက အဆုံးမရှိတဲ့ ဂရုစိုက်ခြင်းတွေ၊ အသံမဲ့ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ပေးနိုင်ပါတယ်။ လေ့လာဆန်းစစ်ချက်အရ နွေးထွေးတဲ့ပွေ့ဖက်မှုက လမစေ့ဘဲမွေးတဲ့ ကလေးငယ်ကို ပိုကျန်းမာစေတယ်၊ ပိုသွက်လက်ဖော်ရွေစေတယ်၊ စိတ်ခံစားချက်ကို ပိုတည်ငြိမ်စေတယ်လို့ ဆိုထားပါတယ်။ လူကြီးတွေအတွက်တော့ နွေးထွေးတဲ့ပွေ့ဖက်မှုက စိတ်ဖိအားကို လျော့နည်းစေတယ်၊ ခံစားချက်ကို တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

(၉) ရင်ဘတ်နဲ့ သေသေချာချာနားထောင်ပါ

ဘယ်အရာကမှ ရင်ဘတ်နဲ့နားထောင်တာလောက် ကလေးငယ်ကို ပိုဂရုစိုက်ခံရတယ်လို့ ထင်စေတဲ့အရာ မရှိတော့ပါဘူး။ သေသေချာချာ နားထောင်တတ်သူတစ်ယောက် ဖြစ်ချင်ပါသလား? ကလေးပြောတဲ့စကားကို နားတစ်ဘက်ထဲနဲ့ နားမထောင်ပါနဲ့။ လုပ်လက်စအလုပ်ကို ရပ်ပြီး သူပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပေးပါ။ သူပြောလိုရာကို ပြီးတဲ့အထိ စိတ်ရှည်ရှည်ထား နားထောင်ပေးပါ။ ကြားဖြတ်ပြီး စကားမပြောပါနဲ့။ အလျင်စလို မဖြေရှင်းပါနဲ့၊ မြန်မြန် မပြောခိုင်းပါနဲ့။ သူပြောတဲ့အကြောင်းအရာကို သင် ဆယ်ခါပြန်နားထောင်ခဲ့ဖူးလည်း သေသေချာချာ စိတ်ပါလက်ပါ ထပ်နားထောင်ပေးလိုက်ပါ။ ကလေးငယ်ကို ကျောင်းပို့ကျောင်းကြိုချိန် ဒါမှမဟုတ် ညအိပ်ရာဝင် ချော့သိပ်တဲ့အချိန်တွေဟာ နားထောင်တဲ့ အကောင်းဆုံးအချိန်တွေဖြစ်ပါတယ်။

(၁ဝ) အကောင်းဆုံးဖြစ်ဖို့ မမျှော်လင့်ပါနဲ့

ကလေးငယ်တိုင်းကို အကောင်းဆုံးဖြစ်ဖို့ မိဘတိုင်းမျှော်လင့်ကြတယ်။ တစ်ခါတလေမှာ သူတို့ရဲ့အပြုအမှုတွေကို အလျင်စလို ကျွန်တော်တို့ပြုပြင်ချင်ကြတယ်၊ ပြောင်းလဲချင်ကြတယ်။ ဥပမာ စားပွဲခုံသုတ်တာ မပြောင်ဘူး၊ ပစ္စည်းကို သတ်မှတ်ထားတဲ့နေရာမှာပဲ ပြန်ထားခိုင်းတာတွေဖြစ်တယ်။ အရာရာတိုင်းကို အကောင်းဆုံးတောင်းဆိုရင် ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ လုပ်ရဲတဲ့သတ္တိတွေ ကျဆင်းလာစေတတ်တယ်။ ကလေးငယ်တွေ တစ်ခုခုအမှားလုပ်မိတဲ့အခါ အလျင်စလို ပြုပြင်မပေးခင် "ဒီကိစ္စက ကလေးငယ်ရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးမှာ အကျုံးဝင်လား! မဝင်လား!" ၊ "နောင် ၁ဝနှစ်အကြာမှာ ဒီကိစ္စအရေးပါနိုင်သေးလား?" ဆိုတာကို အရင်စဉ်းစားပါ။ တကယ်လို့ အရေးမပါဘူးဆိုရင် ကလေးငယ်ဘာသာ လုပ်ပါစေ။

(၁၁) ကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို လမ်းညွှန်သွန်သင်ပါ

ဖိနပ်ကြိုးချည်တာကို သင်ယူတာကအစ မျဉ်းလမ်းဖြတ်ကူးတာကအဆုံး ခြေလှမ်းတိုင်း၊ သင်ယူမှုတိုင်းဟာ ကလေးငယ်ကို ကိုယ့်အားကိုယ်ကိုးစေတဲ့ သင်ခန်းစာတွေဖြစ်တယ်။ ကိစ္စရပ်တွေကို သူ့ဘာသာဖြေရှင်းနိုင်တဲ့ အင်အားရှိပြီလို့ သူ့ကိုယ်သူ သတိပြုမိတဲ့အခါ ပျော်ရွှင်ခြင်း၊ အားရကျေနပ်ခြင်းတွေကို သူခံစားမိပါလိမ့်မယ်။

အထက်ကအချက်တွေအားလုံးကို လူကြီးမိဘတွေလည်း ပိုင်ဆိုင်သင့်ပါတယ်။ ဒီအချက်တွေကို ပိုင်ဆိုင်မှ ကလေးငယ်တွေကို ပျော်ရွှင်စေဖို့ ဆုံးမသွန်သင်နိုင်မယ် မဟုတ်ပါလား?

မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=144421&mid=0&page=34

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, April 24, 2011

ကျကူနီအလှူ


ပြည်တွင်းပြည်ပမှ စေတနာရှင်များရဲ့ အလှူငွေတွေကို ထိုင်းဘဏ်မှာ 22.4.11နေ့ကပဲ သွားထုတ်လာခဲ့ပါတယ်။

ထိုင်းဘဏ်သို့ လွှဲငွေများ -------------------------------------------------- 9380 ဘတ်
ကျပ်ငွေများ ဘတ်သို့ပြောင်း(1000/35)ဘတ်နှုံး --------- --------------- 44877 ဘတ်
နိုင်းနိုင်းစနေထံမှ လွှဲငွေ ------------------------------------------------- 45545 ဘတ်
ကိုဘထံမှ လွှဲငွေ ------------------------------------------------------- 143229 ဘတ်
အလူရာဟိုတယ် ၀န်ထမ်းနှင့်ဧည့်သည်များအလှူခံပုံးမှငွေ----------------- 5495 ဘတ်

စုစုပေါင်း.---------------------------------------------------------------248,526 ဘတ်
တစ်အိမ်လျှင်... 1700 ဘတ် လှူဒါန်းပါသည်။
146အိမ် × 1700 = 248200
ပိုငွေ 326ဘတ်ကို ဆေးဝယ်ပြီး လှူလိုက်သည်။

စိုင်းက သူ့ဘလော့မှာ ဘာကြောင့်ပစ္စည်းမဝယ်လှူဘဲ ငွေလှူခဲ့ကြောင်းကို အသေးစိပ်ရေးသားထားပါတယ်။ ပစ္စည်းလှူရင် ကယ်ဆယ်ရေးစခန်းမှာပဲ လှူရတယ်လို့လည်း ကြားပါတယ်။ ကယ်ဆယ်ရေးစခန်းက ၁ဝခုကျော်လောက်ရှိပါသတဲ့။ ကယ်ဆယ်ရေးစခန်းကနေ ပြန်ထွက်လာမယ့် အလှူပစ္စည်းတွေဟာ လှူမယ့်သူရဲ့လက်ထဲ အပြည့်ရောက်မရောက် ကျွန်မတို့ သေချာမသိနိုင်ပါဘူး။ နောက် သယ်ပိုးရခက်တာရယ်၊ ဒေသအခြေအနေကို ဂရုစိုက်သွားရတာရယ်ကြောင့် ငွေသားပဲ လှူဒါန်းခဲ့ပါတယ်။


တောထဲမှာနေတဲ့လူတွေက သက်ကယ်ထရံကာအိမ်ကို မိုးကာနဲ့လုပ်ထားတဲ့ ရွက်ဖျင်တဲထက် ပိုကြိုက်ကြတယ်။ ရွက်ဖျင်တဲထဲမှာ လူမနေပါဘူး.... ရွက်ဖျင်တဲတွေက လူကြီးလာရင် တူးတူးပုန်းတမ်းကစားဖို့ လုပ်ထားပေးတာပါတဲ့:P အလှူကိစ္စအပြည့်အစုံကို စိုင်းဘလော့မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

http://attamyar.blogspot.com/

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, April 23, 2011

တွေးတွေးပြီးရယ်


ဂျပန်ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုပေါက်ကွဲတော့ တရုတ်ပြည်နေရာအများမှာ "ဆား"လုပွဲဖြစ်ခဲ့တယ်။ ဆားထဲပါတဲ့ အိုင်အိုဒင်းဓာတ်က နျူကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ်ဆိုလို့ဖြစ်တယ်။ ဆားလုပွဲအကြောင်းကို တရုတ်ပြည်သူတချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ "ဆား"အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လိုအမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြတယ်။ အဲဒီထဲက ဟာသတချို့ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူကလီးယား မလာသေးဘူး။ ဆားကုန်သွားတာဖြစ်တယ်။

လောကမှာ အနာကျင်ဆုံးက ဘာလဲ?
နျူကလီးယား လာပြီ ဆား အသုံးမဝင်တော့တာဖြစ်တယ်။

လောကမှာ အနာ့အနာကျင်ဆုံးက ဘာလဲ?
ပိုက်ဆံတွေအားလုံး ဆားဝယ်လိုက်ပြီး ဆန်ဝယ်ဖို့ ပိုက်ဆံမရှိတာဖြစ်တယ်။

လောကမှာ အနာ့အနာ့အနာကျင်ဆုံးက ဘာလဲ?
ဆားစားလို့ လူကငန်သေသွားပြီ ဆားက သုံးလို့မကုန်သေးတာဖြစ်တယ်။

(၂)
မ....... ကားရှိလား?
ကျား... မရှိဘူး။
မ....... အိမ်ရှိလား?
ကျား... မရှိဘူး။
မ....... ဘဏ်စာအုပ်ရှိလား?
ကျား... မရှိဘူး။
မ....... ဒါနဲ့များ ကျွန်မကို ချစ်ချင်သေးတယ်....
ကျား... ကျွန်တော့်မှာ ဆားရှိတယ်။
မ...... အိုး! ချစ်စေ..

(၃)
သနားစရာ ဂျပန်တွေ
ငလျင်လှုပ်လို့ လူတချို့သေကုန်တယ်။
ဆူနာမီကြောင့် တချို့သေပြန်တယ်။
နျူကလီးယားငွေ့ကြောင့် တချို့သေပြန်တယ်။
အသက်ရှင်ကျန်ခဲ့တဲ့ ဂျပန်တွေက တရုတ်တွေ ဆားလုတာကိုတွေ့လို့ ရယ်လိုက်တာအူတက်ပြီး တချို့သေပြန်တယ်။

(၄)
ဂျပန်ငလျင်ပြီးနောက် လူ၃ယောက်သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ အဲဒီလူတွေက ဂျပန်၊ ကိုးရီးယားနဲ့ တရုတ်တို့ဖြစ်တယ်။ သူတို့၃ယောက်ကို နတ်မင်းကြီးက မေးတယ်။
"မင်းတို့ ဘယ်လိုသေကြတာလဲ?"

ဂျပန် "ဆူနာမီကြောင့် သေတာပါ"
ကိုးရီးယား "နျူကလီးယားဓာတ်ငွေ့ကြောင့် သေတာပါ"
တရုတ် "ဆားစားလို့ ငန်ပြီးသေတာပါ"

(က)
ကောင်လေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် ချစ်သူနဲ့ချိန်းတွေ့မှာမို့ စိတ်လှုပ်ရှားနေတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ ဘာပြောရမှန်းလဲ မသိခဲ့ဘူး။ အဲဒီလိုနဲ့ ဖခင်ဆီ သူအကြံတောင်းတယ်။ ဖခင်က "သား.. အကြောင်းအရာ ၃မျိုးက ဒီလိုနေရာမျိုးနဲ့ သင့်တော်တယ်။ အဲဒီအကြောင်းအရာ ၃မျိုးက အစားအသောက်၊ မိသားစု၊ အတွေးစကားလေးတွေပေါ့" လို့မှာတယ်။

ကောင်လေးက သူ့ဖခင်စကားကိုမှတ်ပြီး ချစ်သူနဲ့သွားချိန်းခဲ့တယ်။ ရေခဲမုန့်ဆိုင်တစ်ဆိုင်ဖြတ်တော့ နှစ်ယောက်သား ရေခဲမုန့်ဝယ်စားကြတယ်။ ဒါပေမဲ့ အချိန်တွေတဖြေးဖြေး ကုန်လာသည့်တိုင် နှစ်ယောက်သား ပြောစရာစကားမရှိသေးတော့ ကောင်လေး ပိုပိုစိတ်လှုပ်ရှားလာမိတယ်။ အဲဒီလိုနဲ့ ဖခင်ရဲ့အကြံကို သူသတိရလိုက်ပြီး ချစ်သူကို မေးတယ်။

"အာလူးကြော် ကြိုက်လားဟင်!"
"မကြိုက်ဘူး......."

အဲဒီနောက် တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကောင်လေးက ဒုတိယအကြောင်းအရာ မိသားစုကို ထုတ်သုံးတယ်။

"ညီအစ်ကိုမောင်နှမ ရှိလားဟင်!"
"မရှိဘူး.........."

ဆက်ပြောစရာစကားမရှိဘဲ တိတ်ဆိတ်သွားပြန်တယ်။ မိနစ်အနည်းငယ်ကြာတော့ ကောင်လေးက သူ့ဖခင်ပြောတဲ့ တတိယအကြောင်းအရာ အတွေးစကားကို ထုတ်သုံးပြီး ချစ်သူကို မေးလိုက်တယ်။

"တကယ်လို့ နင့်မှာ ညီအစ်ကိုမောင်နှမ ရှိရင် သူတို့အာလူးကြော်ကြိုက်လိမ့်မယ်လို့ နင်ထင်လားဟင်?"

(ခ)
မေမေက မိစုကို ဂီတပွဲခေါ်သွားတယ်။ ဂီတပွဲစင်မြင့်ပေါ်က တုတ်တံလေးကိုင်ပြီး ဟိုရမ်းဒီရမ်းလုပ်နေတဲ့လူကို မိစုအရမ်း စိတ်ဝင်စားမိတယ်။ တုတ်တံရမ်းနေတဲ့လူကိုကြည့်လိုက် အသံမြင့်သီချင်းဆိုတဲ့ အဆိုတော်ကိုကြည့်လိုက်နဲ့ မိစု ခေါင်းထဲ မေးခွန်းတချို့ဝင်လာတယ်။ အဲဒီလိုနဲ့ ပွဲပြီးတော့ မေမေကို မိစုမေးတယ်။

"မေမေ... မေမေ... စင်မြင့်ပေါ်က ဟိုဦးဦးက တုတ်ကိုင်ပြီး ဘာဖြစ်လို့ ဟိုဒေါ်ဒေါ်အဆိုတော်ကို ခြိမ်းခြောက်နေရတာလဲ?"

"မခြောက်ပါဘူး သမီးရဲ့.. သမီး ဘာဖြစ်လို့ ဒီလိုမေးရတာလဲ?"

"ဟိုဒေါ်ဒေါ် ငယ်သံပါအောင် အော်နေလို့လေ..."

(ဂ)
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. ကျွန်မအမျိုးသားက အရက်မူးလာရင် စကားလျှောက်ပြောတတ်တယ်"

"ဘာ... လိုင်စင်လည်းမရှိဘူး... အရက်သောက်ပြီး ကားမောင်းတယ်"

အဲဒီမှာ နောက်ခန်းမှာထိုင်တဲ့ အဘွားအိုတစ်ဦးက

"အဲဒါကြောင့် အစကတည်းကပြောတာပေါ့... ခိုးလာတဲ့ကားကို အမြန်မမောင်းပါနဲ့လို့.........."

အင်တာနက်ပေါ်က ဟာသတချို့ကို ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, April 22, 2011

ကျေးဇူးတင်ပါတယ်


ဒီဧပြီလမှာ ဘာလိုလိုနဲ့ ဘလော့သက်လေး(၅)နှစ် ပြည့်သွားပြန်ပြီပေါ့။ ၅နှစ်အတွင်းမှာ ကျွန်မဘာရေးရေး လာရောက်ဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ voteသွားသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘလော့သက်လေး(၅)နှစ်အတွင်းမှာ ကျွန်မအသုံးအများဆုံး စာလုံးက "ကျေးဇူးတင်ပါတယ်" ဆိုတာပဲဖြစ်မယ် ထင်ပါတယ်။ ရှေ့ကိုလှမ်းနိုင်သမျှ ဆက်လှမ်းနေဆဲပါ.......အားလုံးကို ကျေးဇူးတင်ပါတယ်....

အားလုံးကို ခင်မင်လေးစားလျှက်

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, April 21, 2011

ကျကူနီငလျင် အလှူ


ငလျင်ဒဏ်သင့်သူတွေအတွက် အလှူငွေတွေ လက်ခံရရှိပြီဆိုတာနဲ့ စိုင်းတစ်ယောက် "ကျကူနီ"ရွာဘက်ကို သွားရောက်ကြည့်ရှုခဲ့ပြန်တယ်။ ကျွန်မတို့ဘက်က ငွေလွှဲငွေပို့ ကြန့်ကြာနေတာရယ်၊ သင်္ကြန်ရုံးပိတ်ရက်တွေနဲ့ ကြုံတာရယ်ကြောင့် အရင်လှူဒါန်းကြသူတွေ လှူဒါန်းထားသလောက်ရှိပြီမို့ ငလျင်ဒဏ်သင့်သူတွေ ဘာအဓိကလိုအပ်သလဲဆိုတာကို သိဖို့ စိုင်းသွားရောက်ကြည့်ရှုတာဖြစ်ပါတယ်။ အောက်ကတော့ စိုင်းရောက်ခဲ့တဲ့ ကျကူနီရွာရဲ့ဓာတ်ပုံတွေနဲ့ စိုင်းတွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကို တင်ပြထားပါတယ်။



စိုင်း....20.4.11နေ့က ကျကူနီရွာကိုသွားခဲ့တယ်။ ဘာလိုအပ်တယ်ဆိုတာ သွားလေ့လာတဲ့သဘော၊ လှူရမယ့်အိမ်ထောင်စု ဘယ်လောက်ရှိလဲဆိုတာပါ စုံစမ်းရင်းနဲ့ပေါ့ဟိုရောက်တော့ ရွာထဲမှာလူမရှိဘူး ခြောက်ကပ်နေတာပဲ။ တစ်ယောက်စ နှစ်ယောက်စပဲတွေ့ရတော့တယ်။ သူတို့ကိုမေးကြည့်တော့ ရွာက အနောက်ဖက်တောင်ပေါ် နှစ်မိုင်လောက်ဝေးတဲ့နေရာကို ပြောင်းသွားပီတဲ့။

ဒါနဲ့ ရွာသစ်တည်မယ့်နေရာကိုဆက်သွားတယ်။ လမ်းကအသစ်ဆိုတော့ ဆိုးတဲ့အပြင် ဖောက်ထားတာကလည်း တော်တော်မတ်စောက်တယ်။ ဆိုင်ကယ်လည်း ငယ်သံပါအောင်အော်ပြီး တက်ရတယ်။ မိနစ်(၂၀)လောက်မှာ အဲဒီရွာသစ်နေရာကိုရောက်တယ်။ မြေထိုးစက်နဲ့ တောင်ပေါ်မှာထိုးပီး ရွာနေရာကိုသစ်ပင်တွေ အပြောင်ရှင်းထားတယ်။ ရွာသူရွားသားတွေကတော့ အဲဒီကွင်းအစပ်ပတ်လည်မှာ တဲကလေးတွေထိုးပြီး နေကြတယ်။ ရွာသူကြီးနဲ့တွေ့တော့လည်း သူက ဗမာလိုမတတ်၊ ရှမ်းလိုလည်းမတတ် လားဟူလိုပဲပြောတော့ ကျွန်တော်တို့ တော်တော်ဂွကျနေတာ၊ စကားပြန်တစ်ယောက်ရောက်လာမှ အဆင်ပြေသွားတယ်။

သူတို့လိုတာကတော့ ပစ္စည်းတွေထက် ငွေပဲလိုတယ်လို့ပြောတယ်။ ရွာသစ်တည်တာဆိုတော့ ငလျင်ဒဏ်ခံရတဲ့အိမ်ရော၊ ကျန်အိမ်အားလုံးပြောင်းကြမှာဆိုတော့ အားလုံးကိုပဲလှူစေချင်တယ်လို့ပြောတယ်။ ရှိတဲ့ငွေကို အညီအမျှခွဲပြီးလှူပေးပါလို့ တောင်းဆိုတယ်။ ငလျင်ကြောင့် လုံးဝပျက်တာကတော့ (၂၂)အိမ်၊ ယိုင်တာ၊ ရွဲ့တာကတော့(၇ဝ)ကျော်လို့ပြောတယ်။ ဒါပေမယ့် ရွာပြောင်းမှာဆိုတော့ အားလုံး ဒုက္ခရောက်တာ အတူတူပဲလို့ပြောတယ်။ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေတော့ လှူမယ့်သူရှိပြီလို့ပြောတယ်။ တောင်ပေါ်ကိုရေရဖို့အတွက် ရေပိုက်သွယ်ဖို့ ရေပိုက်လှူတဲ့သူလည်း ရပြီလို့ပြောတယ်။

ဒါကြောင့် လှူချင်တယ်ဆိုရင် သူတို့ကိုငွေသားပဲလှူလို့ပြောတယ်။ ဆိုတော့ကာ... ငွေသားပဲ လှူတာကောင်းမယ်လို့ထင်တယ်။ နောက်ပစ္စည်းဆိုရင် လမ်းမကောင်းတော့သယ်ရတာ ခက်ခဲမယ်။ ထော်လာဂျီပဲ သွားလို့ရတယ်။ ကားကတော့ မလွယ်ဘူး။ ငွေဆိုရင်တော့ ဆိုင်ကယ်နဲ့သွားလို့ရတယ်။ နောက် အဲဒီဘက်က အခြေအနေကိုလည်း ဂရုစိုက်ရသေးတယ်။

ငွေသွားလှူမယ်ဆိုရင် မြို့ပေါ်ကလိုက်ချင်တဲ့ သူငယ်ချင်းတွေပါခေါ်သွားပြီး သွားလိုက်မယ်။ ဆိုင်ကယ်ဆယ်စီးလောက်နဲ့ပေါ့၊ လူများတော့ နည်းနည်းအားရှိတာပေါ့။ (ရှယ်ထောမီး)အဖွဲ့က သွားလှူရင် အဖေါ်လိုက်ပေးမယ်လို့ ပြောတယ်။ သူတို့လည်း တောင်ကြီးသားတွေပဲ.....

ဘွိုင်းဇ်.....
စင်ကာပူ ရှမ်းအဖွဲ့လဲ ငွေသားလှူခဲ့တယ် ပြောတယ်။

ဒါကတော့ သူတို့ဘာလိုအပ်တယ်ဆိုတာကို ကျွန်မတို့ထက် ဟိုမှာနေတဲ့ စိုင်းကအခြေအနေကို ပိုသိတာမို့ စိုင်းပြောပြတာတွေကို မျှဝေရင်း အလှူရှင်တွေကို အသိပေးအပ်ပါတယ်။ အလှူရှင်တွေဘက်ကရော အကြံကောင်းလေးများရှိရင် ဆွေးနွေးအကြံပြုလိုပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်....

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, April 20, 2011

ဘဝရှင်သန်နည်းများ


သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။ ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။

နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင် ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။

(၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ ရှုံးတာပဲရမယ်။

လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ တခဏတွင်းမှာရတဲ့ အောင်နိုင်မှုကိုခေါ်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ ကြံ့ကြံ့ခံနိုင်သူမှ တကယ့်အောင်နိုင်သူဖြစ်တယ်။ လူ့ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကျွန်တော်တို့သတ်မှတ်လို့ မရဘူး။ ဒါကြောင့် ဘဝရဲ့ဘယ်အချိုးအဆစ်မှာဖြစ်ဖြစ် ကျွန်တော်တို့ အားမလျော့သင့်ဘူး။ မျှော်လင့်ချက်တွေနဲ့ အမြဲပြည့်နေသင့်တယ်။

နာကျင်မှုကြောင့် သင့်ရဲ့ရွေးချယ်မှုကို လက်မလွတ်ပါနဲ့။ တကယ့်အောင်နိုင်သူဆိုတာ တခြားလူထက် ပေးဆပ်မှုများပြီး တခြားလူထက် ဆင်းရဲဒုက္ခ ပိုတွေ့ကြုံရတာလေးပါပဲ။ နာကျင်ပေမယ့် ရွေးချယ်မှုကို လက်မလွတ်တဲ့လူသာ အောင်မြင်မှုကို ရမှာဖြစ်တယ်။

ဇာမဏီငှက်တွေဟာ ပြင်းထန်တဲ့နာကျင်ခက်ခဲမှုတွေကို တွေ့ကြုံခံစားရပြီးမှ လှပတဲ့ ခန္ဓာနဲ့အမွှေးအတောင်ကို ရခဲ့တာဖြစ်တယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုက မတော်တဆရတာမျိုး မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ ရလာတာဖြစ်တယ်။ လူတွေက သူ့ရဲ့အောင်မြင်မှုကိုသာ တွေ့တယ်။ အဲဒီအောင်မြင်မှုဆီရောက်ဖို့ သူရင်းခဲ့တဲ့ သွေးနဲ့ချွေးတွေကိုတော့ သူကိုယ်တိုင်ပဲသိပါတယ်။

(၄) လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလှမ်းတစ်လှမ်းရဲ့အောက်မှာ ရှိတယ်။ ခြေတစ်လှမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။ ချောင်းမြောင်းတွေ မပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာ မဟုတ်ဘူး။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည် မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။

(၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်က အကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။

(၅) လူ့ဘဝမှာ ဒီလို ထူးဆန်းမှုတွေ အများကြီးရှိတယ်။ တိမ်ပေါ်တက်ဖို့ထက် ခက်တယ်လို့ ထင်မြင်ရတဲ့ အခက်အခဲတွေက တစ်ခါတလေမှာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်သွားနိုင်တယ်။ ဒါဟာ လွန်ကဲတဲ့ ယုံကြည်မှုကြောင့်ဖြစ်တယ်။

ဟိုးရှေးရှေးတုန်းက ဆင်းရဲသား ဆိတ်ကျောင်းသားတစ်ဦးဟာ လူမမယ်ကလေးငယ်နှစ်ယောက်နဲ့အတူ ဆိတ်ကျောင်းရင်း အသက်မွေးဝမ်းပြုတယ်။ တစ်နေ့မှာ ဆိတ်ကျောင်းရင်း တောင်ကုန်းတစ်ကုန်းပေါ် သူတို့ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ဘဲတစ်အုပ်က အသံတစာစာနဲ့ သူတို့အပေါ်ကနေ ဖြတ်ပျံသွားတယ်။ သားငယ်က ဆိတ်ကျောင်းသားဖခင်ကို "ဖေဖေ.. ဖေဖေ.. ဒီဘဲအုပ်တွေ ဘယ်ကိုပျံသန်းကြသလဲ"လို့ မေးတယ်။ "ဆောင်းခိုဖို့ နွေးတဲ့အရပ်ဆီ ပျံသန်းသွားကြတာပါ" လို့ ဖခင်က ဖြေပါတယ်။ အဲဒီမှာ သားကြီးက အားကျတဲ့မျက်လုံးနဲ့ "ကျွန်တော်တို့လည်း ဘဲတွေလို ပျံသန်းနိုင်ရင် အရမ်းကောင်းမှာပဲ။ တကယ်လို့ ပျံသန်းနိုင်ရင် ဘဲတွေထက် ပိုမြင့်အောင် ကျွန်တော်ပျံသန်းပြီး ကောင်းကင်ထက်မှာ မေမေရှိတဲ့နေရာကို အရောက်သွားမယ်" လို့ ဆိုတယ်။ သားငယ်ကလည်း "ပျံသန်းတတ်တဲ့ ဘဲတစ်ကောင်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ဆိတ်ကျောင်းစရာမလိုတော့ဘူး။ ကိုယ်သွားချင်တဲ့နေရကို ပျံသန်းသွားလို့ရတယ်" လို့ဆိုတယ်။

ဆိတ်ကျောင်းသားဖခင်က ခဏလောက် တိတ်ဆိတ်သွားပြီး သားနှစ်ယောက်ကို "သားတို့တကယ်ဖြစ်ချင်ရင် တကယ်ပျံနိုင်လိမ့်မယ်" လို့ဆိုတယ်။

ဖခင်စကားအတိုင်း သားနှစ်ယောက်လုံး စမ်းပျံကြည့်ကြတယ်။ ဒါပေမဲ့ ထပျံလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကိုနှစ်ယောက်စလုံး ဖခင်ကို သံသယမျက်လုံးနဲ့ ကြည့်ခဲ့ကြတယ်။ ဖခင်က သူပျံပြမယ်ဆိုပြီး ထပျံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ "ဖေဖေက အသက်ကြီးလို့ မပျံနိုင်တော့တာပါ။ သားတို့က ငယ်သေးတယ်။ မပြတ်ကြိုးစားပြီး ပျံကြည့်ပါ။ တစ်နေ့မှာ ပျံသန်းနိုင်ပြီး သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်" လို့ ပြောခဲ့တယ်။ ဖခင်ရဲ့စကားကို သူတို့စွဲစွဲမြဲမြဲမှတ်သားပြီး မပြတ်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ပြီး သွားလိုရာကို သူတို့ရောက်ခဲ့ကြတယ်။

လူတစ်ယောက်ရဲ့ရင်ထဲမှာ ယုံကြည်မှုဆိုတာရှိပြီး ကြံ့ကြံ့ခံ မပြတ်ကြိုးစားခဲ့ရင် အောင်မြင်မှုကို မလွဲမသွေရမှာ အမှန်ဖြစ်တယ်။

(၆) လူ့ဘဝရဲ့ အကြီးဆုံးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်တဲ့ရှေ့ပြေးက --- အသက်ရှင်နေဖို့ပဲဖြစ်တယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ဝမ်းနည်းနေပါစေ အသက်ရှင်နေမှ အရာရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ အောင်နိုင်မှာဖြစ်တယ်။

ဘဝဆိုတာ ကျွန်တော်တို့ကို ဘုရားသခင်ပေးတဲ့ အထူးလက်ဆောင်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့တဲ့ နွံ့အိုင်ထဲနစ်နေရင်တောင် ဘဝရဲ့အလင်းတန်းကို (အလင်းစက်လေး တစ်စက်ပဲဖြစ်နေရင်တောင်) ဖမ်းဆုပ်ပြီး လဲကျမသွားဖို့ ကိုယ့်ကိုယ်ကို အားပေးတောင့်ခံထားသင့်တယ်။ အသက်ရှင်ဖို့ကြိုးစားရမယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ လောကမှာ မျှော်လင့်ချက်မဲ့တဲ့အရာ ဆိုတာမရှိဘူး။ မျှော်လင့်ချက်မဲ့တဲ့ လူပဲရှိတယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိတယ်။ အသက်ရှင်နေမှ စိတ်ကူးအိပ်မက်ဆိုတာ ရှိတယ်။

(၇) တကယ့်အောင်မြင်တဲ့ဘဝဆိုတာ အောင်မြင်မှုအကြီးအသေးပေါ် မမူတည်ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တကယ်ကြိုးပမ်းပြီး အားစိုက်ထုတ်ခဲ့တဲ့အပေါ် မူတည်တယ်။ ကိုယ်ပိုင်လမ်းလေးအဖြစ် လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။

အောင်မြင်သူတွေရဲ့ အင်အားပါတဲ့တက်ကြွမှုက သာမန်လူတချို့ရဲ့ရင်ကို နေမသိထိုင်မသာတဲ့ ခံစားမှုမျိုးဖြစ်စေတယ်။ အောင်မြင်သူတွေရှုံးနိမ့်ပြီး သူတို့လို သာမန်တဲ့ဘဝကိုရောက်ဖို့ သူတို့မျှော်လင့်ကြတယ်။ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ ဒီကနေ့မှာ သင်ဟာ လူသားအားလုံးရဲ့ဇာတ်လိုက်ဖြစ်ပေမယ့် မနက်ဖြန်မှာ သင်ဟာ ကာလိုက်ကာဆွဲတဲ့ လူတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။ ဖြောင့်ဖြူးချောမွေ့တဲ့လမ်းဆိုတာ ရှိသလို သတိမမူ ဂူမမြင်တဲ့အခါလည်းရှိတယ်။ ထက်မြက်တဲ့လူက လူ့ဘဝရဲ့ အတက်အကျကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်ယူထားတယ်။ ဒါဟာ အသိဉာဏ်တစ်မျိုးဖြစ်တယ်။ စင်ပေါ်ရောက်ရောက် စင်အောက်နေနေ ကြံ့ခိုင်သင့်တယ်။ ပေါ့ပါးနေသင့်တယ်။

ထက်မြက်တဲ့လူတွေက ကိုယ့်ဘဝကို အဆင့်အတန်းတစ်ခု သတ်မှတ်ထားတယ်။ လူတကာသတ်မှတ်လို့ လိုက်သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲ တကယ့်ရှိနေတဲ့ အဆင့်အတန်း၊ စံနှုန်းကို သတ်မှတ်တာဖြစ်တယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာကို ဇွဲနဲ့လုပ်ဆောင်တာမျိုးဖြစ်တယ်။ တခြားလူကိုလည်း မထိခိုက်၊ လောကကြီးကိုလည်း မထိခိုက်ဘဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာကို ပြောဆိုလုပ်ကိုင်တာမျိုးဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အောင်မြင်တဲ့အနှစ်သာရဖြစ်တယ်။

(၈)ခေါင်းငုံ့တာဟာလည်း အင်အားတစ်မျိုးပါ။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး၊ ပျော့ညံ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ ခေါင်းလေးနည်းနည်းငုံ့တာက ကျွန်တော်တို့ရဲ့ လူ့ဘဝကို ပိုမိုတောင်ပြောင်စေနိုင်ပါတယ်။

လူ... စိတ်ကောင်းရှိရတယ်၊ ရိုးသားရတယ်၊ ကြံ့ခိုင်ရတယ်။
လူ... အောင်မြင်ချိန် စိတ်ကြီးမဝင်သင့်ဘူး။ ရှုံးနိမ့်ချိန် ရည်မှန်းချက်ကို လက်မလွတ်သင့်ဘူး။
လူ... ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် အရှက်တရားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အရှက်တရားမရှိရင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာလည်း ရှိမှာမဟုတ်ဘူး။
လူ... စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောဆိုပြုလုပ်ပြီဆိုရင် သူတစ်ပါးကို အကျိုးသက်ရောက်စေလား၊ မသက်ရောက်စေဘူးလား၊ ထိခိုက်လား၊ မထိခိုက်လားဆိုတာ အရင်စဉ်းစားပါ။ ဒါဟာ လူတစ်ယောက်ရဲ့အခြေခံ ကြန်အင်လက္ခဏာဖြစ်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

(၉) တချို့အချိန်မှာ မပျော်ရွှင်တာဟာ ပျော်ရွှင်ဖို့ အခြေအနေမပေးသေးလို့ မဟုတ်ဘူး။ ဘဝ မရိုးရှင်းလို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?

ပျော်ရွှင်ခြင်းဆိုတာ အိတ်ထဲမှာ ငွေကြေးတွေပြည့်နေတာကို ဆိုလိုတာမဟုတ်ဘူး။ ရာထူးအာဏာ ကြီးမြင့်တာကို မခေါ်ဘူး။ သာမန်လူတွေမှာလည်း သာမန်တဲ့ပျော်ရွှင်ခြင်းတွေရှိတယ်။ ဘဝမှာ ဘယ်လိုရှင်သန်ရမှာဆိုတာကို နားလည်ထားရင် ဘဝရဲ့လှပတဲ့အရာတွေကို လက်မလွတ်ခဲ့ရင် ပျော်ရွှင်ခြင်းက သင့်အနားမှာအမြဲရှိနေပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတဲ့အရာဖြစ်တယ်။ ပျော်ရွှင်ခြင်းက လူတိုင်းရဲ့အနားမှာရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းမမြင်ကြဘူး။ ရိုးရိုးရှင်းရှင်းကြည့်မှ ကိုယ့်အနီးနားက ပျော်ရွှင်ခြင်းကို မြင်ရမှာဖြစ်တယ်။ တိုက်တာကြီးထဲနေရမှ၊ စားကောင်းသောက်ကောင်းတွေ စားရမှ၊ ရာထူးအာဏာကြီးမှ ပျော်ရွှင်တာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရှိတဲ့ ပျော်ရွှင်ခြင်း၊ အိမ်သူမိသားစုနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်လွတ်လပ်တဲ့ ပျော်ရွှင်ခြင်း.... ပျော်ရွှင်ဖို့က အဲဒီလောက် ရိုးရှင်းပါတယ်။

ရိုးရှင်းတဲ့ဘဝဆိုတာ အရာရာကို လက်လွတ်ခိုင်းတာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ဘဝဆိုတာ သင့်ရင်ထဲက စစ်မှန်တဲ့အရာဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ ဆင်းရဲခြင်းထဲနစ်ဝင်တာကို ပြောတာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ကားတစ်စင်း မောင်းနေရင်လည်း ရိုးရှင်းတဲ့ဘဝကို ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတဲ့ အခြေခံအချက်ကို နားလည်ထားဖို့ပဲ လိုပါတယ်။

(၁ဝ) ကျေးဇူးသိတတ်တာဟာ ပျော်ရွှင်ခြင်းကို ရတာပါပဲ။ ကျေးဇူးသိတတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေအားလုံး လှပနေတာကို တွေ့မြင်တာပဲဖြစ်တယ်။

ရွက်ကြွေလေး လေထဲလွှင့်မြောပြီး ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို ဆိုညည်းတယ်။ ဒါဟာ ကမ္ဘာမြေကြီးကို သစ်ပင်က ကျေးဇူးတင်တာဖြစ်တယ်။ တိမ်ဖြူလေးတွေ ကောင်းကင်ယံထက်လွှင့်ဝဲပြီး လှပတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတယ်။ ဒါဟာ ကောင်းကင်ပြာကို တိမ်ဖြူက ကျေးဇူးတင်တာဖြစ်တယ်။

ဘဝရဲ့ နေရာတိုင်းမှာ ကျေးဇူးတင်သင့်တာတွေရှိတယ်။

လူတစ်ယောက်မှာ ကျေးဇူးသိတတ်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားရင် ဘယ်အရာဟာ ပျော်ရွှင်ခြင်းလည်းဆိုတာကို သူခံစားမိလိမ့်မယ်။ ပျော်ရွှင်ခြင်းရဲ့အရသာကို နေရာတိုင်းမှာ သူခံစားရလိမ့်မယ်။ ဒီလိုဆိုရင် ဘဝရဲ့အရာအားလုံးကို သူတန်ဖိုးထားလိမ့်မယ်။ လူ့ဘဝဟာ လှပတယ်လို့ သူခံစားမိလိမ့်မယ်။

တကယ်လို့ လူလူချင်းကြားမှာ ကျေးဇူးသိတတ်တာတွေရှိခဲ့ရင် ပေါင်းသင်းဆက်ဆံရေးက ပိုသင့်မြတ်ပြီး၊ ပိုချစ်ခင်ရင်းနှီးကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကျေးဇူးတရားတွေ ကိန်းအောင်းနေရင် ကျွန်တော်တို့ရဲ့ခန္ဓာဟာလည်း ကျန်းမာပျော်ရွှင်လိမ့်မယ်။

လောကမှာ တခြားလူနှိပ်စက်၊ အနိုင်ကျင့်တာထက် ပိုဆိုးတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တစ်ခါမှ အနိုင်ကျင့်၊ အနှိပ်စက် မခံရဖူးတာပဲဖြစ်တယ်။ အကြောင်းက လူတစ်ယောက်ဟာ အနှိပ်စက်၊ အနိုင်ကျင့်ခံရလေ သူ့ရဲ့တိမ်ငုပ်နေတဲ့ အရည်အချင်းတွေက ပိုပေါ်လေ၊ ပိုသတ္တိရှိလေ၊ ပိုရင်ဆိုင်ရဲလေဖြစ်တယ်။ ဒါကြောင့်......

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

မူရင်း-- http://www.5719.cn/Html/chengzhang/ganxieshenghuodemo--8.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, April 17, 2011

အသံလှိုင်းထဲမှာ........


တစ်နေ့က ကောင်မလေးတစ်ယောက်ဆီက အီးမေးလ်လာတယ်။ အဲဒီကောင်မလေးက MYMC (Myanmar Youth Media Club) ကပါတဲ့။ ကျွန်မနဲ့ အသံအင်တာဗျူးလုပ်ပြီး လေဒီယိုမှာလွှင့်မယ်လို့ဆိုတယ်။ အသံနဲ့က မဗျူးဖူးတော့ တစ်မျိုးလေးပေါ့... အသံသွင်းတာကို ၁၈ရက်(တနလာင်္နေ့)ညနေ စင်ကာပူအချိန် ၁နာရီနဲ့ ၈နာရီကြားမှာ လွှင့်မယ်လို့ သိရပါတယ်။ နားသောတဆင်ကြပါရှင်...း)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, April 16, 2011

စာစုလေးတချို့


(၁) ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ.... လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ်။ ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ... နောင်ဘဝဆိုတာရှိရင်လဲ သူတို့နဲ့ကိုယ် ဆုံချင်မှဆုံလိမ့်မယ်။

(၂) လျှို့ဝှက်ချက်တစ်ခုကို ထိန်းထားတာဟာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တာထက် ပိုတန်ဖိုးရှိတယ်လို့ သင်သိတဲ့အချိန် သင်ရင့်ကျက်ပြီ။

(၃) လူတစ်ယောက်ရဲ့ အတွေးအကြံကို ယူသုံးတာဟာ ခိုးတာတဲ့။
လူအများရဲ့ အတွေးအကြံကို ယူသုံးတာက သုတေသနပြုတာဖြစ်တယ်။

(၄) အိမ်ထောင်ရေးအခက်အခဲဆိုတာ တစ်ဘက်သားရဲ့ကောင်းကွက်နဲ့ ကျွန်တော်တို့ ချစ်သူရည်းစားဖြစ်နေပြီး တစ်ဘက်သားနဲ့ဆိုးကွက်နဲ့ အတူနေရခြင်းဖြစ်တယ်။

(၅) ခရီးသွားခြင်းဆိုတာ ကိုယ်ငြီးငွေ့တဲ့နေရာကိုခွာပြီး တခြားလူငြီးငွေ့တဲ့နေရာကို သွားတာဖြစ်တယ်။

(၆) တခြားလူနဲ့ ပြဿနာတစ်ခုခုတက်ရင် ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။ ဝမ်းချုပ်တိုင်း ကမ္ဘာကြီးဆွဲအား မကောင်းဘူးလို့ မထင်ပါနဲ့။

(၇) လူ့ဘဝရဲ့အရက်စက်ဆုံးဆိုတာ တစ်ကြိမ်တစ်ခါပဲ နုပျိုခွင့်ရတာပါပဲ။

(၈) လူတချို့က ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တောင် မရင်းနှီးဘဲ ကမ္ဘာ့အပြင်ဘက်မှာ တခြားဂြိုလ်သား ရှိမရှိဆိုတာကို စိတ်ဝင်စားကြတယ်။

(၉) လွမ်းဆွတ်ခြင်းတချို့က တစ်ခါတလေမှာ သိုဝှက်ထားရတယ်။ စွန့်လည်းမစွန့်ရက် ရင်အနက်ရှိုင်းဆုံးမှာသိုဝှက်ပြီး လူသိလည်း မခံချင်ခဲ့ဘူး။

(၁ဝ) အချစ်ကြောင့်ရတဲ့ နာကျင်ခြင်းက တဖြည်းဖြည်း မေ့သွားနိုင်တဲ့အရာဖြစ်တယ်။ တကယ်လို့ မမေ့ဘဲ ရင်ထဲတနုံ့နုံ့ခံစားနေရင် အဲဒီနာကျင်ခြင်းက ကုသလို့မပျောက်နိုင်တဲ့ ဒဏ်ရာဖြစ်သွားတတ်တယ်။

(၁၁) ကလဲ့စားချေတယ်ဆိုတာ တဘက်သားကို နစ်နာအောင်လုပ်တာ မဟုတ်သလို ကိုယ့်ကိုယ်ကို နစ်နာအောင် လုပ်တာလဲမဟုတ်ဘူး။ သူ့ထက်ပိုပျော်ရွှင်အောင် ရှင်သန်တာပဲဖြစ်တယ်။

(၁၂) ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးရှိတဲ့အရာပါ။ ဒီတန်ဖိုးရှိတဲ့အရာကို ပိုင်ဆိုင်နိုင်ဖို့ လူတိုင်းမှာ အခွင့်အရေးရှိတယ်။

အင်တာနက်ပေါ်ဖတ်မိတာတွေ ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, April 14, 2011

၂ဝ၁၁ သင်္ကြန်


သင်္ကြန်.. သင်္ကြန်.. သင်္ကြန်တဲ့.. ဟိုမှာလည်း သင်္ကြန်.. ဒီမှာလည်းသင်္ကြန်.. ဘလော့မှာလည်းသင်္ကြန်.. FaceBookမှာလည်း သင်္ကြန်... နေရာအနှံ့သင်္ကြန်... မြန်မာတို့ရဲ့ ရိုးရာနှစ်ကူးအတာသင်္ကြန်....

မြန်မာပြည်ကသင်္ကြန်နဲ့ (၂ဝဝ၉)၊ (၂ဝ၁ဝ)မှာ ကျွန်မပြန်ဆုံခဲ့တယ်။ (၂ဝဝ၉)တာချီလိတ်သင်္ကြန်မှာတော့ ၁ဝနှစ်ကျော်ကြာ ဝေးခဲ့တဲ့သင်္ကြန်နဲ့ ပထမဆုံးအကြိမ် ပြန်ဆုံတာရယ်၊ တာချီလိတ်က အမြင်ထူးတဲ့သင်္ကြန်ရယ်ကြောင့် အဲဒီသင်္ကြန်မှာ ကျွန်မတော်တော်ပျော်ခဲ့ပါတယ်။ (၂ဝ၁ဝ)တောင်ကြီးသင်္ကြန်မှာတော့ တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ သင်္ကြန်တွင်း(၁ဝ)ရက်တရားစခန်း ဝင်ခဲ့တယ်။ ဒါတောင် (၆)ရက်ပဲ တောင့်ခံနိုင်ခဲ့ပါတယ်။ ကမ္ဘာကြီးလည်နေသလို ကျွန်မလည်းတစ်နေရာတည်းမှာ ကြာကြာမနေခဲ့ရပါဘူး။ ခုတော့ မြန်မာပြည်ကသင်္ကြန်ကို အင်တာနက်ပေါ်ကနေပဲ ကြည့်နိုင်ခဲ့တော့တယ်။

မနေ့က "စိုင်း"နဲ့ အွန်လိုင်းပေါ်မှာဆုံတော့ တာချီလိတ်သင်္ကြန်ပုံလေးတွေ ရိုက်ပေးဖို့ ပူဆာလိုက်တယ်။ သူလည်း အလုပ်တွေ၊ ရိပ်သာတွေနဲ့ မအားတဲ့ကြားက တာချီလိတ်သင်္ကြန်ပုံလေးတွေကို ရိုက်ပြီး ပို့ပေးခဲ့ပါတယ်။ တာချီလိတ်ဘက် လူတွေက ငလျင်လှုပ်ခံထားရတာ မကြာသေးတာမို့ သင်္ကြန်ကို ခါတိုင်းလောက် သိပ်ရင်ခုန်ခဲ့ကြပုံ မရဘူး။ ရေကစားကြတဲ့ထဲမှာ လူငယ်တွေပဲများခဲ့တယ်။ စိုင်းပေးပို့လာတဲ့ တာချီလိတ်သင်္ကြန်ပုံတွေကို မျှဝေလိုက်ပါတယ်။

ရေပက်ခံသူကို မျှော်ပါတယ်

ဒါက တံတားဘက်မှာ ဖြစ်မယ်


အနောက်ကဆိုင်းပုဒ်နဲ့ ဝတ်စားထားတာတွေက သိပ်မလိုက်ဖက်သလိုပဲ

ပုန်းထွန်ချောင်းမှာ ရေကစားနေကြသူတွေ

ချောင်းဘေးပတ်လည်က စားသောက်ဆိုင်လေးတွေ...

ချောင်းတစ်ဘက်က ဟိုဖက်ကမ်း(ထိုင်း)

မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပျော်ပါးကြတဲ့ ချောင်း....

တာချီလိတ်မှာ လည်စရာနေရာ များများစားစားမရှိပါဘူး.... နှစ်တိုင်း ဒီနေရာ၊ ဒီနေရာပဲဆိုပေမယ့် နှစ်သစ်လေးကို လူတွေက ရှိတာလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်ချင်ခဲ့ကြတယ်။ ဘလော့လာလည်သူတွေ အားလုံးလည်း နှစ်သစ်အတာသင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေ။

ဓာတ်ပုံတွေအတွက် ကျေးဇူးပါ စိုင်း..

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, April 13, 2011

အကိုက်ခံခဲ့ရတဲ့ ပန်းသီးတစ်လုံး


မျက်မမြင်လူငယ်တစ်ဦးဟာ မပြည့်စုံတဲ့ကိုယ်အင်္ဂါကြောင့် ငယ်ငယ်လေးကတည်းက ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေခဲ့တယ်။ ဒါဟာ ရှေးဘဝဝဠ်ကြွေးလို့ သူထင်မှတ်ပြီး သူ့ဘဝတစ်သက်က ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူးလို့ တွေးထင်နေခဲ့တယ်။

တစ်နေ့မှာ ဆရာတစ်ဦးနဲ့ သူဆုံခဲ့တယ်။ ဆရာက သူ့ကို "လောကမှာရှိတဲ့လူတိုင်းက ဘုရားသခင် ကိုက်ခဲ့တဲ့ ပန်းသီးတစ်လုံးပါ။ လူတိုင်းမှာ ချွတ်ယွင်းချက်ဆိုတာရှိတယ်။ ဒါပေမဲ့ တချို့လူရဲ့ချွတ်ယွင်းချက်က ပိုကြီးတယ်။ ဒါဟာ ဘုရားသခင်က သူတို့ကို ပိုနှစ်သက်လို့ အကိုက်ကြီးကြီး ကိုက်လိုက်တာဖြစ်တယ်" လို့ ပြောပြခဲ့တယ်။

ဆရာရဲ့အားပေးစကားကြောင့် သူဟာ သူ့မျက်စိမမြင်ရတာက ဘုရားသခင် သူ့ကိုပိုနှစ်သက်လို့ဖြစ်မယ်လို့ ထင်မှတ်ပြီး စိတ်ပျက်အားငယ် မနေခဲ့တော့ဘူး။ အဲဒီကစ ဘဝရဲ့စိန်ခေါ်မှုတွေကို သူရဲရဲရင်ဆိုင်ရဲခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် နှစ်အနည်းငယ်အကြာမှာ သူဟာ နာမည်ရှိတဲ့ မျက်မမြင်အနှိပ်သည် ဆရာတစ်ဦးဖြစ်လာခဲ့ပြီး လူတွေရဲ့နာကျင်ကိုက်ခဲမှုတွေကို ကုသပေးသူဖြစ်ခဲ့တယ်။

လူ့ဘဝရဲ့ အနာအဆာကို "ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီး" လို့ ထင်မှတ်တဲ့အတွေးဟာ ထူးခြားပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တာနဲ့ တူတယ်လို့ဆိုပေမယ့် လူ့ဘဝမှာ စိတ်အလိုကျ မဖြစ်တဲ့အရာတွေက အများကြီးမို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်တဲ့ အကြောင်းပြချက်လည်း လိုလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီလိုနှစ်သိမ့်မှုက ပျော်စရာကောင်းသလို အသိအမြင်တွေလည်း ပေးပါတယ်။

အနုပညာသမိုင်းမှာ နာမည်ကြီးတဲ့ ထူးခြားမှုသုံးခုရှိခဲ့ပါတယ်။ စာပေအနုပညာရှင် John Milton ဟာ မျက်မမြင်တစ်ဦးဖြစ်တယ်။ ဂီတအနုပညာရှင် Beethovenဟာ နားမကြားသူဖြစ်တယ်။ တယောပါရမီရှင် Niccolo Paganiniဟာ ဆွံ့အသူဖြစ်တယ်။ တကယ်လို့ "ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီး"နဲ့ တင်စားရရင် သူတို့ဟာ ဘုရားသခင်ပိုနှစ်သက်တဲ့ ပန်းသီးဖြစ်လို့ ဘုရားသခင်အကိုက်ကြီးကြီး ကိုက်ခဲ့တာဖြစ်လိမ့်မယ်။

တယောပါရမီရှင် Niccolo Paganini နဲ့ သာဓကပြရရင် (၄)နှစ်အရွယ်မှာ သူဟာ ဝက်သက်ပေါက်ခဲ့လို့ အသက်ဆုံးရှုံးရကိန်း ဆိုက်ခဲ့တယ်။ (၇)နှစ်အရွယ်မှာ အဆုတ်ရောင်ရောဂါကို သေလုနီးနီး ခံခဲ့ရတယ်။ (၄၆)နှစ်မှာ ရှိသမျှသွားတွေ အကုန်ကျွတ်ထွက်ခဲ့ပြီး (၄၇)နှစ်မှာ အမြင်အားယုတ်လျော့ခဲ့လို့ မျက်လုံးကွယ်လုလုဖြစ်ခဲ့တယ်။ အသက်(၅ဝ)မှာ ဆွံ့အခဲ့ရတယ်။ ဘုရားသခင်ကိုက်ခဲ့တဲ့ ဒီပန်းသီးတစ်ကိုက်က အားပါလွန်းလှတယ်ဆိုပေမယ့် တယောပါရမီရှင်တစ်ဦးကို ဖန်ဆင်းပေးနိုင်ခဲ့ပါတယ်။

Niccolo Paganini ဟာ (၇)နှစ်အရွယ်မှာ တယောစသင်ခဲ့တယ်။ ပါရမီကြောင့် (၁ဝ)နှစ်အရွယ်မှာ နာမည်ရစပြုခဲ့တယ်။ (၁၂)နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ဂီတပွဲကို တင်ဆက်နိုင်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့တယ်။ အဲဒီနောက် သူ့တယောသံဟာ ကမ္ဘာ့အနှံ့ပြန့်ခဲ့တယ်။ ရောဂါဝေဒနာနဲ့ နာကျင်နေတဲ့ကြားက အားပေးသူတွေကို သူ့ရဲ့လက်သံ၊ သူ့ရဲ့တယောကြိုးတွေနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်။ ဂီတဝေဖန်ရေးဆရာ Boaz က သူ့ကို "တယောမှော်ဆရာ"လို့ တင်စားခဲ့သလို ပြဇာတ်ရေးဆရာ Goetheက သူ့ကို "တယောကြိုးပေါ်က တောက်ပတဲ့ဝိညာဉ်"လို့ တင်စားခဲ့တယ်။ လူတချို့က ပြောကြတယ်.... ဘုရားသခင်က သင့်ကို ပါရမီတွေထည့်ပေးသလို ပါရမီနဲ့ဆတူ ဆင်းရဲပင်ပန်းခြင်းတွေလည်း ပေးပါသတဲ့။

ဘုရားသခင်က လူတိုင်းကို တစ်ကိုက်စီကိုက်ခဲ့တယ်။ ဒါကြောင့် လူတိုင်းမှာ မွေးရာပါချွတ်ယွင်းချက်တွေ ရှိခဲ့ကြတယ်။ ချွတ်ယွင်းချက်ကို အညံ့မခံဘဲ Beethoven လို ကံကြမ္မာကို ဂီတအဖြစ်သီကုံးမလား? ဂျာမဏီစာရေးဆရာ Nietzscheလို့ ရင်ဖွင့်ဖော်ထုတ်မလား?

ဘုရားသခင်က မျှတပါတယ်။ လူတိုင်းကို အကောင်းချည်းပဲ မပေးခဲ့သလို၊ အဆိုးချည်းလည်း မပေးခဲ့ပါဘူး။
သင့်ကို ရုပ်ရှည်လှပတာပေးရင် အသိဉာဏ်ကို မပေးဘူး။
သင့်ကို ငွေကြေးတွေပေးရင် ကျန်းမာရေးကို မပေးဘူး။
သင့်ကို ပါရမီတွေပေးရင် အဲဒီပါရမီနဲ့ လိုက်ဖက်ညီအောင် ဆင်းရဲပင်ပန်းတာကိုလည်း ပေးမယ်။ ဘုရားသခင်မပေးခဲ့တာကို အပင်ပန်းခံပြီး သင်ကြိုးစားရှာဖွေရမယ်။ တကယ်လို့ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ကြုံတဲ့အခါ လောကကြီး မတရားဘူးဆိုပြီး ကိုယ့်ကိုယ်ကို မစွန့်ပစ်ပါနဲ့။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကိုရှာပါ။ အထက်က ဆရာပြောခဲ့သလို ကိုယ့်ကိုယ်ကိုနှစ်သိမ့်နည်းရှာပါ။ ကျွန်တော်တို့ဟာ ဘုရားသခင်ကိုက်ခဲ့တဲ့ ပန်းသီးတွေပါ။ ကျွန်တော်တို့ကို ဘုရားသခင် ပိုကြိုက်နှစ်သက်ခဲ့လို့ အကိုက်ကြီးကြီး ကိုက်လိုက်တာလေး တစ်ခုပါပဲ။

မူရင်း--- http://www.duwenzhang.com/wenzhang/lizhiwenzhang/20110412/178962.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, April 12, 2011

ထိုဟူးဖြူကြော်


ကျွန်မ ဟင်းသိပ်မချက်တတ်ဘူး။ ဒါပေမဲ့ ဟင်းချက်ရတာကို ကြိုက်တယ်။ စားဖူးတာ၊ မြင်ဖူးတာလေးတွေ လက်တည့်စမ်းချက်ရတာကို ကြိုက်တယ်။ ကြိုက်တဲ့အစားအစာတွေကို ကိုယ်တိုင်ချက်စားရတာ ကြိုက်တယ်။ ကျွန်မချက်တာ စားကောင်းကောင်း မကောင်းကောင်း စားပေးတဲ့လူရှိတာကိုလည်း ကြိုက်တယ်။ မစနေ ဟင်းချက်နည်းလေး ရေးပါဦးဆိုတာလည်း ကြိုက်တယ်။ အဲဒီလိုနဲ့ ထိုဟူးဖြူ+ပဲငပိကြော်ဟင်းလေး ဖြစ်လာခဲ့ပါတယ်။

ထိုဟူးဖြူပဲငပိအတွက် ပါဝင်တဲ့ပစ္စည်းတွေက ထိုဟူးဖြူ၊ ပဲငပိ၊ ကြက်သွန်နီ/ဖြူ၊ (အစပ်ကြိုက်ရင်)ငရုတ်သီး၊ ကြက်သွန်မြိတ်၊ အသားထည့်ချင်ရင် အသားတစ်မျိုးမျိုး ထည့်နိုင်ပါတယ်။

ပထမဆုံး ထိုဟူးဖြူကို အတုံးလေးလှီးပါတယ်။ ထိုဟူးဖြူမှာ အပျော့၊ အမာ၊ မပျော့မမာဆိုပြီး အမျိုးမျိုးခွဲထားတော့ အမာကိုပဲ ကျွန်မရွေးပါတယ်။ တကယ်လို့ အပျော့ဝယ်ခဲ့မိရင် ရေပူနဲ့အရင်ဖျော့လိုက်ပါ။ ထိုဟူးတွေအလွယ်တကူ မကွဲတော့ပါဘူး။

ကြက်သွန်နီ/ဖြူ၊ ငရုတ်သီးကို အရင်ကြော်ပါတယ်။ မွှေးလာရင် အသားထည့်၊ ပဲငပိထည့်ကြော်တယ်။ ငံပြာရည်လေးနည်းနည်း ထည့်တယ်။ ပြီးရင် ထိုဟူးဖြူကိုထည့် သာသာလေးမွှေတယ်။ ဆားထည့်တယ်။ အရမ်းခြောက်ရင် ရေနည်းနည်းထည့်ပြီး အရသာတွေ ထိုဟူးဖြူထဲဝင်အောင် ခဏထားပါတယ်။ ရခါးနီးရင် ကြက်သွန်မြိတ်လေး ထည့်လိုက်တော့ ငန်ငန်စပ်စပ် စားလို့ကောင်းတဲ့ ထိုဟူးဖြူ ပဲငပိကြော်ကိုရပါတယ်။

ပဲပုပ်ပဲနဲ့လုပ်ထားတဲ့ ထိုဟူးဖြူမှာ (၅ဝဝgစံချိန်ထားပြီး) ပရိုတင်း ၂၁g၊ ကယ်စီယံ ၈ဝmg၊ Phosphorus ၃၃ဝmg၊ ဗီတာမင်E ၁.၉၅mg၊ သံဓာတ် ၄mg.... စတာတွေပါဝင်တယ်လို့ ဆိုပါတယ်။ ပဲနဲ့လုပ်ထားတဲ့အရာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး လူကိုနုပျိုစေတယ်လို့ ဆိုပါတယ်။ ဘာပဲပြောပြော ဘယ်လိုချက်ချက် ထိုဟူးဖြူက စားလို့ကောင်းပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, April 10, 2011

စနေရဲ့ စနေနေ့


နေသာတဲ့ ဒီနေ့ စနေနေ့မှာ ကျွန်မ အမှိုက်သွားကောက်ဖြစ်တယ်။ အမှိုက်ကောက်ရတဲ့အကြောင်းက ဒီလိုပါ....

လွန်ခဲ့တဲ့(၁)လကျော်က ထိုင်ဝမ်ကသူငယ်ချင်းတစ်ယောက်နဲ့ ဒီ(NJ)မှာပြန်ဆုံတယ်။ သူနဲ့ မတွေ့ဖြစ်တာ(၁ဝ)နှစ်ကျော်ရှိခဲ့ပြီမို့ အားတဲ့တစ်နေ့မှာတွေ့ဖို့ ကျွန်မတို့ချိန်းခဲ့ကြတယ်။ ချိန်းဖြစ်တာကလည်း သူ့သားတက်တဲ့ကျောင်းမှာပါ။ အဲဒီကျောင်းမှာ ထိုင်ဝမ်က ဗုဒ္ဓဘာသာသီလရှင်တစ်ပါး တည်ထောင်ခဲ့တဲ့ ပရဟိတအဖွဲ့ Tzu Chiက ဆုတောင်းပွဲလေးတစ်ခုလုပ်မယ် လာခဲ့ပါဆိုလို့ သူ့ကိုလည်းတွေ့ရင်း အဲဒီဆုတောင်းပွဲကို ကျွန်မရောက်သွားခဲ့တယ်။

Tzu Chi ပရဟိတအဖွဲ့ကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီပရဟိတအဖွဲ့ဟာ နိုင်ငံအရပ်ရပ်မှာ အဖွဲ့ဝင်တွေထားရှိပြီး ဘေးဒုက္ခကြုံသူတွေကို တတ်နိုင်သလောက် အကူအညီပေးတဲ့အဖွဲ့ဖြစ်တယ်။ နာဂစ်တုန်းကလည်း မြန်မာနိုင်ငံကို သွားရောက်ကူညီခဲ့ပြီး ကျောင်းတွေ၊ နေအိမ်တွေ ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပရဟိတအဖွဲ့က ဒုက္ခရောက်သူတွေကို ပေးကမ်းကူညီသလို ကမ္ဘာမြေကြီး သန့်ရှင်းအောင်ဆိုပြီး recycle အလုပ်ကိုလည်း လုပ်ပါတယ်။ သူတို့က ရေသန့်ဗူး၊ အချိုရည်ဗူး၊ ပလပ်စတစ်စတာတွေနဲ့ လူသုံးကုန်ပစ္စည်းဖြစ်တဲ့ အင်္ကျီ၊ ဆောင်၊ အိတ်တွေကို ပြန်ပြုလုပ်ပါတယ်။ ဆုတောင်းပွဲပြီးတော့ ကျွန်မတို့လည်း အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်လုပ်လိုက်တယ်။ အဲဒီလိုနဲ့...... ဒီနေ့မှာ NJမှာ နေထိုင်ကြတဲ့ Tzu Chiအဖွဲ့ဝင်တွေ save the earthဆိုပြီး အမှိုက်ထွက်ကောက်ဖြစ်ခဲ့ကြတယ်။

အမှိုက်ကောက်တဲ့နေရာက ရေကန်တစ်ကန်ရဲ့ ဘေးပတ်လည်ဖြစ်တယ်။ အဝေးကကြည့်တော့ ဒီရေကန်ပတ်လည်က ဘာအမှိုက်မှ မရှိဘဲ သန့်ရှင်းနေပါတယ်။

ဒါပေမယ့် အနီးနားရောက်ရင် တွေ့ရမှာက ရေသန့်ဗူးတွေ၊ ပလပ်စတစ် ဗူးဖုံးတွေ၊ ရွံ့တွေနဲ့ရောနေတဲ့ ပလပ်စတစ်တွေ၊ ချိုချဉ်ခွံ၊ ပိုက်တွေ အများကြီးပါပဲ။


အမှိုက်ကောက်သွားကြမယ်ဆိုတုန်းက ဒီလို သန့်ရှင်းတဲ့နေရာမှာ ဘာအမှိုက်ရှိနိုင်မလဲ၊ ကမ္ဘာပေါ်က ဒီလောက်များတဲ့အမှိုက်တွေ ကောက်လို့ကုန်နိုင်မလားလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ကျန်သူတွေကတော့ ကျွန်မလို ထင်ခဲ့ကြမယ် မထင်ဘူး။ ဒီကမ္ဘာကြီးသန့်ရှင်းအောင် တတ်နိုင်သလောက် သူတို့လုပ်နိုင်သလောက် တစ်ဦးတစ်ယောက်အားနဲ့ စုပေါင်းပြီး လုပ်ဆောင်နေကြမှာပါပဲ။ ကမ်းစပ်ပေါ်က ကြယ်ငါးလေးတွေကို တစ်ကောင်ချင်းကောက်ပြီး ပင်လယ်ထဲ ပစ်ချပေးနေကြမှာပါပဲ....


မနက်ပိုင်း အမှိုက်ကောက်ပြီးတော့ ရာသီဥတုကောင်းတာနဲ့ မောင်ကြီးက ဂေါက်သွားရိုက်မယ်လို့ဆို အိမ်အနီးက ဂေါက်ကွင်းနားရောက်သွားခဲ့တယ်။ သူက ဂေါက်ရိုက်တယ်... ကျွန်မက နေပူစာလုံရင်း ဓာတ်ပုံလိုက်ရိုက်ဖြစ်တယ်။ နွေဦးရောက်တော့မယ်.. ပန်းကလေးတွေ ပွင့်ကြပြီ....

ဂေါက်သီးတစ်ခြင်းရိုက်ပြီးတော့ လမ်းကြုံတာနဲ့ သီဟိုဌ်ကဘုန်းကြီးတွေ ဆောက်ထားတယ်ဆိုတဲ့ ဘုန်းကြီးကျောင်းလိုက်ပြမယ်ဆိုလို့ ဘုန်းကြီးကျောင်းနား ကျွန်မရောက်သွားခဲ့တယ်။ ဒီဘုရားရုပ်တုကို ဘုန်းကြီးတွေကိုယ်တိုင် ဆောက်လုပ်ထားပါသတဲ့။ ကျောင်းက ခုမှဆောက်လုပ်စဆိုပေမယ့် တောအုပ်ကြီးနဲ့မို့ သာသာယာယာ ရှိလှတယ်။ ဦးသုံးကြိမ်ချ ဓာတ်ပုံလေးရိုက်ပြီး နာရီကိုကြည့်လိုက်တော့ ညနေ(၄)နာရီကျော်နေခဲ့ပြီ။ ဒီလိုနဲ့ နေသာသာစနေနေ့မှာ ရိုက်ခဲ့တဲ့ အမှတ်တရပုံလေးတွေနဲ့အတူ စနေအိမ်ပြန်ခဲ့တော့တယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, April 08, 2011

ပြောင်းဖူးမုန့်


ပြောင်းဖူးကို တခြားလူတွေ ဘယ်လိုလုပ်စားကြလဲတော့ မသိဘူး။ ကျွန်မတို့က ပြောင်းဖူးကို ကြော်စား၊ ပြုတ်စား၊ အရည်လုပ်သောက်ကြတဲ့အပြင် ကြိတ်ပြီးလည်း အခုလို ပြောင်းဖူးမုန့်လုပ်စားကြသေးတယ်။ ဒီလိုလုပ်ဖို့ ပထမဆုံး ရှမ်းပြောင်းနုနုလေးကို အရင်ချွေပါတယ်။ ရှမ်းပြောင်းက ပျော့အိပြီး ချိုတဲ့အရသာရှိပါတယ်။ အခုခူး အခုစားတဲ့ ပြောင်းဖူးဆိုရင် ပိုချိုပါတယ်။ ချွေလို့ရလာတဲ့ ပြောင်းဖူးကို ကြိတ်ပါတယ်။ ရေမထည့်ဘဲ ကြိတ်ရပါမယ်။ ဒါမှ ထုပ်လို့ရ၊ ကြော်လို့ရမှာပါ။ ကြိတ်လို့ရလာတဲ့ ပြောင်းဖူးကို ပြောင်းဖူးဖက်နဲ့ ထုပ်ပါတယ်။ ထုပ်တယ်လို့သာပြောတယ်။ တကယ်ဆို ဖက်ပေါ်ပြောင်းဖူးထည့်ပြီး ခေါက်လိုက်ရုံပါပဲ.. ပြီးရင် အိုးထဲထည့်ပေါင်းပါတယ်။ ဒါဟာ ပြောင်းဖူးမုန့်ပေါင်းပါ။ မပေါင်းစားချင်ဘူးဆိုရင် ကြိတ်ထားတဲ့ပြောင်းဖူးကို ဆီနည်းနည်းနဲ့ ကြော်စားလို့ရပါတယ်။ ပြောင်းဖူးရဲ့နဂိုချိုတဲ့အရသာထက် အချိုကိုပိုကြိုက်တယ်ဆို သကြားရောနယ်ထည့်လို့လည်း ရပါတယ်။ ကျွန်မတို့ဒေသမှာ ပြောင်းဖူးပေါ်ချိန်ဆိုရင် ပြောင်းဖူးမုန့်ကို ဈေးထဲမှာ ဝယ်ယူရနိုင်ပါတယ်။ ရှမ်းတွေ၊ တရုတ်တွေ ကြိုက်နှစ်သက်တဲ့ အစာလေးပါ။ မျှဝေပါတယ်။

ပြောင်းဖူးကို အရင်ချွေပါ.. ပြီးရင် ကြိတ်ပါ....

ပြီးရင် ဖက်နဲ့ထုပ်ပြီး ပေါင်းပါ... ပြောင်းဖူးမုန့် ချိုချိုစီးစီးလေးကို ရပါလိမ့်မယ်

ဒီလိုလည်း ကြော်စားနိုင်ပါတယ်း) ထောပတ်ထည့်ကြော်ရင် ထောပတ်နံ့လေး မွှေးနေပါလိမ့်မယ်
(တာချီလိတ်မှာတုန်းက ဝယ်စားခဲ့တဲ့ ပြောင်းဖူးမုန့်ကြော်ပါ. တစ်ချပ် ငါးဘတ်ပေးရပါတယ်)

နိုင်းနိုင်းစနေ


Share/Bookmark

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ


(၁) အရေးကြီးတာက အခုလက်ရှိဖြစ်တယ်

ဘာဖြစ်လို့ နောင်တအမုန်းတွေနဲ့ ဒီကနေ့ရဲ့စိတ်ကို နာကျင်စေမလဲ?
ဘာဖြစ်လို့ မရေရာတဲ့ ပူပန်မှုတွေနဲ့ ဒီကနေ့ကို အဆုံးသတ်ရမလဲ?
ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ နောက်တစ်ကြိမ် ပြန်မရနိုင်တော့ဘူး။ ဘယ်လို နောင်တရရ၊ ဘယ်လိုမုန်းမုန်း အလဟဿဖြစ်သွားခဲ့ပြီ။ အနာဂတ်ဆိုတာ မျှော်မှန်းလို့ရနိုင်ပေမဲ့ ချည်းကပ်လို့မရနိုင်သေးတဲ့အရာဖြစ်တယ်။ ဘယ်လို စိုးရိမ်ပူပန်နေလဲ အခွံသက်သက်သာဖြစ်တယ်။ အခုလက်ရှိရဲ့စိတ်၊ အခုလက်ရှိကိစ္စ၊ အခုလက်ရှိလူကသာ တကယ်တည်ရှိနေတာဖြစ်တယ်။ ဖြစ်ခဲ့တဲ့ အတိတ်က အတွေ့အကြုံကို သင်ခန်းစာယူပါ။ အနာဂတ်ရဲ့စွန့်စားမှုကို ကာကွယ်ပါ။ ဒါကမှ တကယ့်အသိပညာဖြစ်တယ်။

မနေ့ကပြီးသွားခဲ့ပါပြီ။ မနက်ဖြန် ရောက်မလာသေးပါ။ ဒီကနေ့က တကယ်တည်ရှိနေပါတယ်။


(၂) နာကျင်တဲ့ကိုယ့်စိတ်ကို ကိုယ်တိုင်ပဲကုသလို့ရတယ်

ဘာဖြစ်လို့ နောင်တအမုန်းတွေနဲ့ ဒီကနေ့ရဲ့စိတ်ကို နာကျင်စေမလဲ? ညည်းတွားပေါက်ကွဲတာက တစ်ခါတရံမှာ လိုအပ်ပါတယ်။ ဒါပေမဲ့ မနားတမ်း၊ မကြာခဏ ညည်းတွားတာတွေက စိတ်ကို ပိုရှုပ်စေသလို ကိုယ်အသုံးမကျတာတွေ တခြားလူကို လှစ်ဟပြနေတာနဲ့တူပါတယ်။ ညည်းတွားတယ်ဆိုတာ ဘဝကိုတုံးစေတဲ့ အပျက်ဆောင် စိတ်နေစိတ်ထားဖြစ်တယ်။ ညည်းတွားတာကို အကျင့်တစ်ခုလို စွဲစွဲမြဲမြဲကျင့်သုံးတာဟာ နေရောင်မရှိတဲ့ဘဝနဲ့ တူပါတယ်။ မှုန်မှုန်မှိန်းမှိန်းနဲ့ ကိုယ့်အတွက် ကောင်းတဲ့ခံစားချက်ကို မပေးသလို ကိုယ့်ဘေးကလူတွေကိုလည်း အမြင်မကြည် ဖြစ်စေတတ်ပါတယ်။

ညည်းတွားတယ်ဆိုတာ ဘာကောင်းကျိုးမှ မရှိပါဘူး။ အကောင်းမြင်ပျော်ရွှင်တဲ့စိတ် ထားတတ်ဖို့က အရေးကြီးပါတယ်။


(၃) ကောင်းတဲ့ခံစားချက်ကို ကိုယ်တိုင်ပဲဖန်ဆင်းယူရတယ်

တခြားလူရဲ့ အတွေးအမြင်ကို ကျွန်တော်တို့ သွားပြောင်းလဲလို့မရဘူး။ ပြောင်းလဲနိုင်တာတစ်ခုက ကိုယ့်ကိုယ်ကိုပဲရှိတယ်။

တခြားလူရဲ့အပြစ်၊ မကောင်းမှုကြောင့် ကျွန်တော်တို့ဘဝ ဆိုးနေတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆိုးတဲ့စိတ်ခံစားချက်ကြောင့်ဖြစ်တယ်။

လှပတဲ့ဘဝဆီသွားတဲ့ တံခါးသော့က တခြားလူလက်ထဲမှာ ရှိတာမဟုတ်ဘူး။ အမုန်း၊ ရန်ငြိုးတွေ ကျွန်တော်တို့ လွတ်ချလိုက်ရင် လှပတဲ့ဘဝကို ကျွန်တော်တို့ရနိုင်ပါတယ်။

လှပတဲ့ဘဝကို လူတိုင်းလိုချင်ကြတယ်။ ဒါပေမဲ့ လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ တခြားလူ လာပြောင်းပေးဖို့ကိုပဲ စောင့်နေခဲ့လို့ဖြစ်တယ်။


တခြားလူကို ပြောင်းလဲဖို့မကြိုးစားပါနဲ့။ တခြားလူ လာပြောင်းပေးဖို့ကိုလဲ စောင့်မျှော်မနေပါနဲ့။ ကိုယ်တိုင်ပြောင်းလဲပါ။ ကိုယ်သာလျှင် ကိုယ့်ဘဝသခင်ဖြစ်တယ်။


(၄) ကိုယ်လုပ်သင့်တဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ပါ

လူ့ဘဝက တိုတောင်းလွန်းတယ်။ ဘာလို့ ကိုယ့်စိတ်ကို မလိုအပ်တဲ့လူအပေါ် သွားသုံးဖြုန်းနေမလဲ?

ပညာရှိ စိတ်ပညာရှင်တစ်ဦးက ဒီလိုပြောဖူးတယ်။ "လမ်းပေါ်မှာ လူတစ်ယောက် ကျွန်တော့်ကို ဆဲဆိုနေတယ်။ ကျွန်တော်လှည့်တောင် မကြည့်ခဲ့ဘူး။ ဒီလိုလူမျိုးကို
ကျွန်တော်မသိချင်ဘူး! သိစရာအကြောင်းလည်း မရှိဘူး!"

တခြားလူကိုလည်း သွားမထိခိုက်နဲ့။ တခြားလူရဲ့ ကဲ့ရဲ့ဝေဖန်မှုကြောင့်လည်း စိတ်အနှောင့်အယှက်မဖြစ်နဲ့။ ကိုယ်လုပ်စရာရှိတာ၊ လုပ်သင့်တာကိုပဲ စိတ်ပါလက်ပါလုပ်ပါ။ အထူးသဖြင့် ငယ်ရွယ်စဉ် သင်ယူနေချိန်မှာ ကြားလူစကားကြောင့် စိတ်ဝေတွေမသွားဖို့၊ ခွဲဖြာမသွားဖို့လိုတယ်။


(၅) ကိုယ့်ကိုယ်ကို ဘယ်တော့မှ အဆိုးမမြင်နဲ့


ကိုယ့်ကိုယ်ကိုနှစ်သက်ဖို့ သင်ယူတာဟာ ပျော်ရွှင်ခြင်းဆီသွားတဲ့ တံခါးသော့ကို လက်ဝယ်ပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲ။
အတ္တမကြီး ထီးထီးမနေတတ်တဲ့ ကိုယ့်ကိုယ်နှစ်သက်ပါ။
ကိုယ့်ကိုယ်ကို အထင်မကြီးတဲ့ ကိုယ့်ကိုယ်နှစ်သက်ပါ။
ကိုယ့်ကိုယ်ကိုပဲ မစွဲလမ်းတတ်တဲ့ ကိုယ့်ကိုယ်နှစ်သက်ပါ။
ခေါင်းမမာ၊ ခပ်တန်းတန်း မနေတတ်တဲ့ ကိုယ့်ကိုယ်နှစ်သက်ပါ။
ဒါတွေဟာ... ကိုယ့်ကိုယ်ကို ကိုယ်ပေးတဲ့ ယုံကြည်မှုတွေဖြစ်တယ်။ ပျော်ရွှင်မှုတွေဖြစ်တယ်။ အပြုံးအရယ်တွေဖြစ်တယ်။

ကိုယ့်ကိုယ်ကို ကိုယ်ဖြေဖျော်တတ်ရမယ်၊ ပျော်ရွှင်မှုတွေကို ရှာဖွေတတ်ရမယ်။
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်တဲ့လူက ပျော်ရွှင်ပေါ့ပါး လွတ်လပ်တဲ့ ဘဝကိုရတယ်။


အချက်(၂၅)ရှိတယ်.. ဆက်ရေးပါဦးမယ်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, April 07, 2011

ငလျင်အတွက် လှူဒါန်းငွေစုစုပေါင်း


ကျွန်မဘက်မှ ကောက်ခံရရှိတဲ့ လှူဒါန်းငွေစုစုပေါင်း ------ ဒေါ်လာ( ၁,၃၁၅ )
(ပေါင် ၅ဝ = ၇၅ ဒေါ်လာ)

ဘွိုင်း(စင်ကာပူ)မှ ကောက်ခံရရှိတဲ့ လှူဒါန်းငွေစုစုပေါင်း---- S$( ၅,၅၉၄ )

စိုင်း(မြန်မာ)မှ ကောက်ခံရရှိတဲ့ လှူဒါန်းငွေစုစုပေါင်း---- ကျပ်(၁,၂၈၂,၃ဝ၃) + ထိုင်းဘတ်(၉,၇ဝဝ)

Troy (အင်္ဂလန်)မှ ကောက်ခံရရှိတဲ့ လှူဒါန်းငွေစုစုပေါင်း---- ပေါင်( ၁၂ဝ )+S$( ၅ဝ )


လောလောဆယ် လက်ခံရရှိတဲ့အလှူငွေတွေကို ပေါင်းထားတာပါ။ လမ်းခုလပ်ရောက်နေတဲ့ အလှူငွေတချို့ကို သက်ဆိုင်ရာကောက်ခံသူတွေ လက်ခံရရှိတာနဲ့ ထပ်ထည့်ပေါင်းသွားပါမယ်။

***
ဘတ်ငွေနဲ့လှူတဲ့အလှူရှင်များ ဘယ်သူလှူတယ် ဘယ်လောက်လှူတယ်ဆိုတာ အီးမေးလ်ထဲ တစ်ချက်ပြောပေးပါ။ ဘယ်သူလှူမှန်းမသိ ငွေတွေပိုနေလို့ပါ... ကျေးဇူးတင်ပါတယ်။

အလှူငွေအားလုံးကို ဒီတစ်ပတ်သောကြာနေ့(April 8,11)မှာ စိုင်းကို အားလုံးလွှဲပေးကြပြီး လိုအပ်တဲ့နေရာ၊ လိုအပ်တာတွေ ဝယ်ယူလှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ကျွန်မတို့ဘက်က ငွေလွှဲငွေပို့ အနည်းငယ် ကြန့်ကြာနေတဲ့အတွက် လှူဒါန်းဖို့ နောက်ကျကောင်း နောက်ကျနေပါလိမ့်မယ်။ ဒါပေမဲ့ အလှူရေစက် လက်နဲ့မကွာဆိုသလို မရှိတဲ့သူ၊ ဒုက္ခကြုံသူတွေကို လှူဒါန်းတဲ့အတွက် ဘယ်အချိန်လှူလှူ ကုသိုလ်ရပါတယ်။ လှူဒါန်းခဲ့တာတွေကိုလည်း ဓာတ်ပုံနဲ့တကွ ကျွန်မတို့ အပ်ဒိတ်လုပ်သွားပါမယ်။

ကိုယ့်အလုပ်၊ ကိုယ့်ကျောင်းမှာ
အလှူငွေတွေ ဝိုင်းကူကောက်ပေးကြတဲ့ (မြစ်ချေသူ(ဘန်ကောက်)၊ မီးမီးစန္ဒာ(စင်ကာပူ)၊ နွယ်နွယ်အေးဟန်(အမေရိကန်))ကိုလည်း ကျေးဇူးတင်ပါတယ်။ အလှူဖြစ်မြောက်အောင် ကူညီတဲ့ ဘွိုင်းဇ်၊ စိုင်း၊ Troyကိုလည်း ကျေးဇူးတင်ပါတယ်။ အဓိက,က ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် ကိုယ့်ဒေသ၊ ကိုယ့်မြေပေါ်က ဘေးဒုက္ခကြုံသူတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းကြတဲ့ အလှူရှင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, April 06, 2011

ရှမ်းရှေ့ငလျင်အတွက် ကောက်ခံရရှိသော အလှူငွေများ


ငလျင်အတွက် အလှူငွေတွေ ထည့်သွင်းလှူဒါန်းကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာတွေလာလာဖတ်ပြီး အကူအညီလိုတိုင်း အနားမှာရှိပေးကြတဲ့အတွက်လည်း ပိုကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာမိပါတယ်။ လှူဒါန်းမယ့်လူတွေကများပြီး ငွေလွှဲဖို့ အဆင်မပြေဖြစ်နေပါတယ်။ လှူဒါန်းချင်သူတွေ အဆင်ပြေလှူဒါန်းနိုင်အောင် တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ ငွေလွှဲဖို့ လုံးဝအဆင်မပြေရင်တော့ မြန်မာပြည်ကနေ တာချီလိတ်ကို ဘဏ်ကတဆင့် လှူဒါန်းနိုင်ပါတယ်။ PayPalကနေ လှူဒါန်းမယ်၊ ချက်နဲ့လှူဒါန်းမယ်ဆိုလည်း ရပါတယ်။ လောလောဆယ် ကောက်ခံရရှိတဲ့ ငွေစာရင်းတွေကို အောက်မှာ အကြမ်းဖျင်း ဖော်ပြထားပါတယ်။ နာမည်နေရပ်၊ ငွေပမာဏတွေ မှားခဲ့ရင် အသိပေးပါလို့.. ကျေးဇူးတင်ပါတယ်။

ကျွန်မဘက် ကောက်ခံရရှိတဲ့ ငွေစာရင်း----
(၁) Naw Than Than Nu(London)----------------- ပေါင် ၅ဝ (လက်ခံရရှိ)
(၂) ကိုကျော်ကျော်အောင်(အိုင်ယာလန်) --- ---------- ယူရို ၅ဝ (လက်ခံရရှိ)
(၃) ကိုမြတ်စံဝင်း(အိုင်ယာလန်)------------------------ ယူရို ၁ဝဝ (လက်ခံရရှိ)
(၄) နိုင်းနိုင်းစနေ -------------------------------------- ဒေါ်လာ ၅ဝဝ (လက်ခံရရှိ)
(၅) Thuya Kyaw & Soe Soe Lwin (US)-----------ဒေါ်လာ ၅ဝ (လက်ခံရရှိ)
(၆) ကွယ်လွန်သူဦးတင်ဝင်းအားရည်စူး ဒေါ်မြစိန်မိသားစု (NY)---- ဒေါ်လာ ၅ဝ (လက်ခံရရှိ)
(၇) ကွယ်လွန်သူဦးတင်ဝင်းအားရည်စူး နွယ်နွယ်အေးဟန် & သန့်ဇင်ထွန်း(US)---- ဒေါ်လာ ၂၅ (လက်ခံရရှိ)
(၈) Xin Zhou (Baltimore, MD) --------------------- ဒေါ်လာ ၁ဝ (လက်ခံရရှိ)
(၉) SangHoon Kim (Baltimore, MD) ----------------ဒေါ်လာ ၂ဝ (လက်ခံရရှိ)
(၁ဝ) Jillian Prendergast (Baltimore, MD) -----------ဒေါ်လာ ၂ဝ (လက်ခံရရှိ)
(၁၁) Ambhi Ganesan (Baltimore, MD) ---------------ဒေါ်လာ ၁ဝ (လက်ခံရရှိ)
(၁၂) Charlene Depry(Baltimore, MD) ---------------ဒေါ်လာ ၅ (လက်ခံရရှိ)
(၁၃) Vedangi Sample(Baltimore, MD) ---------------ဒေါ်လာ ၂ဝ (လက်ခံရရှိ)
(၁၄) ကိုကျော်မင်း +Mika Saijo မိသားစု-----------------ဒေါ်လာ ၁ဝဝ (လက်ခံရရှိ)
(၁၅) ကိုခင်မောင်ထွေး (ဆန်ဖရန်စစ္စကို) ----------------ဒေါ်လာ ၃ဝဝ (လက်ခံရရှိ)
(၁၆) မီးငယ် (NY) -----------------------------------ဒေါ်လာ ၃ဝ (လက်ခံရရှိ)
(၁၇) အေးစန္ဒီထွန်း (ကယ်ရီဖိုးနီးယား)-------------------ဒေါ်လာ ၁ဝဝ (လက်ခံရရှိ)

USမှ အလှူငွေကူညီကောက်ခံပေးသော မနွယ်နွယ်အေးဟန်အား ကျေးဇူးတင်လျှက်



ဘွိုင်းဇ်(စင်ကာပူ)ဘက်က ကောက်ခံရရှိတဲ့ ငွေစာရင်း----
(၁) JMKK (Mieley) -------------------------- S$ ၅ဝ
(၂) Myintzu ----------------------------------S$ ၅ဝ
(၃) Thida New -------------------------------S$ ၅ဝ
(၄) Thihaks ----------------------------------S$ ၁ဝဝ
(၅) Saw Nyunt San--------------------------- S$ ၅ဝ
(၆) Pauk, Chan Chan, Poe Poe --------------- S$ ၁၅ဝ
(၇) Aung Zayar Lwin ------------------------S$ ၁ဝဝ
(၈) Kyaw Zin Oo ---------------------------- S$ ၁၅ဝ
(၉) Khin Myat Thu ---------------------------S$ ၅ဝ
(၁ဝ) Khin Oo May ---------------------------S$ ၅ဝ
(၁၁) Kyi Phyu Sin ---------------------------S$ ၅ဝ
(၁၂) Kyawt Kyawt Shwe -------------------S$ ၅ဝဝ
(၁၃) Khine Zin Thant -----------------------S$ ၈ဝ
(၁၄) Su Su Aye ------------------------------S$ ၅ဝ
(၁၅) Myint Myint Aye & Zar Kyi Aye -------S$ ၄ဝ
(၁၆) Aye Aye Aung -------------------------S$ ၁ဝ
(၁၇) Chit Kyi Aye --------------------------S$ ၁ဝဝ
(၁၈) Luthit ---------------------------------S$ ၁ဝဝ
(၁၉) Han Thi Su ----------------------------S$ ၅ဝ
(၂ဝ) Seint ----------------------------------S$ ၅ဝ
(၂၁) Thet Hnin Aye ------------------------S$ ၁ဝဝ
(၂၂) Noble Moe-----------------------------S$ ၅ဝ
(၂၃) Moe Kharr ---------------------------- S$ ၁ဝ
(၂၄) Annonymous -------------------------S$ ၁၅ဝ
(၂၅) Daw Shwe Ei--------------------------S$ ၅ဝ
(၂၆) Naw Shunn Lae Win ----------------- S$ ၅ဝ
(၂၇) Oversea Burmese Youth Group ------ S$ ၁ဝဝ
(၂၈) HHW & AMT------------------------ S$ ၁ဝဝ
(၂၉) Tar Tar----------------------------- S$ ၃ဝ
(၃ဝ) TZA -------------------------------- S$ ၁ဝဝ
(၃၁) Ko Nge (Mandalay) ----------------- S$ ၁ဝဝ
(၃၂) Nan Zabai Mg ------------------------ S$ ၁၅
(၃၃) Ko Nyan Zaw Hlaing ------------------ S$ ၁၅
(၃၄) U Zaw Win & Daw Kyin Aye ----------- S$ ၅ဝ
(၃၅) Htoo Maung Win & Aye Aye----------- S$ ၅ဝ
(၃၆) Fang Fang ---------------------------- S$ ၅ဝ
(၃၇) Ko Myo Thant Soe + Ma Aye Phyo ------ S$ ၅ဝ
(၃၈) Ma San Ei Ei Phyu----------------------- S$ ၂ဝ
(၃၉) Ei Thandar Lin -------------------------- S$ ၅ဝ
(၄ဝ) Lynn Ei Ei Mon-------------------------- S$ ၅ဝ
(၄၁) Aung Win Myat ------------------------- S$ ၅ဝ
(၄၂) Yu Yu San ------------------------------ S$ ၅ဝ
(၄၃) Htay Win Oo --------------------------- S$ ၂ဝ
(၄၄) Thwin Naung Soe ---------------------- S$ ၆ဝ
(၄၅) Nyi Nyi Htwe & K Khaning Zaw -------- S$ ၄ဝ
(၄၆) Daw Thwe Thwe Khaing --------------- S$ ၁ဝ
(၄၇) Mon Yi Aung -------------------------- S$ ၃ဝ
(၄၈) Mee Mee Sandar ---------------------- S$ ၅ဝ
(၄၉) Ma Myat Thandar Aung --------------- S$ ၅ဝ
(၅ဝ) Ma Khin Khin Lin ---------------------- S$ ၅ဝ
(၅၁) Ma Wut Ye Shwe ---------------------- S$ ၅ဝ
(၅၂) Ma Aye Po ---------------------------- S$ ၅ဝ
(၅၃) Ko Nyan Lin --------------------------- S$ ၅ဝ
(၅၄) Ko Than Kyaw Soe --------------------- S$ ၂ဝ
(၅၅) Ma May Phyu Thet ------------------- S$ ၂ဝ
(၅၆) Ko Aung Pyae ------------------------- S$၂ဝ
(၅၇) Ma Su Wai ---------------------------- S$ ၁ဝ
(၅၈) Ko Thuya Soe ------------------------ S$ ၂ဝ
(၅၉) Ko Htun Htun Aung & May Thandar Win ---------- S$ ၅ဝ
(၆ဝ) May Sandar ------------------------------- S$ ၅ဝ
(၆၁) Nay Lin Zaw------------------------------- S$ ၅ဝ
(၆၂) Htut Htut Aung & Thiri Soe---------------- S$ ၅ဝ
(၆၃) Thurein & Thin Thin----------------------- S$ ၁ဝဝ
(၆၄) Manorhary, Ko Ko, Zephyr & Yi Mon------- S$ ၁၅ဝ
(၆၅) Za Htun------------------------------------ S$ ၅ဝ
(၆၆ )Ma Tin Moe Aye -------------------------- S$ ၆၃
(၆၇) Ma Khin Thuzar Aye----------------------- S$ ၅၁
(၆၈) Khin Khin Htay--------------------------- S$ ၁ဝဝ
(၆၉) Ms Ng Lee Yian -------------------------- S$ ၁ဝဝ
(၇ဝ) Ye' Kyar Phyu --------------------------- S$ ၂ဝ
(၇၁) Khine Zar Linn -------------------------- S$ ၃ဝ
(၇၂) Thet Wai ------------------------------- S$ ၂၅
(၇၃) Pandora ------------------------------- S$ ၂၅
(၇၄) Su Su Tin ------------------------------ S$ ၂ဝ
(၇၅) Nandar ------------------------------- S$ ၁ဝဝ
(၇၆) Ma Zin Mar Wei ---------------------- S$ ၅ဝ
(၇၇) Ngu Zar Khine------------------------ S$ ၅ဝ
(၇၈) Aung Bo Myint ----------------------- S$ ၂ဝ
(၇၉) Kyaw Kyaw Soe------------------------ S$ ၅ဝ
(၈ဝ) Ko Thura & friends--------------------- S$ ၆ဝ
(၈၁) Daw Mar Mar Yee--------------------- S$ ၁ဝ
(၈၂) Kyaw Zaw Han------------------------ S$ ၅ဝ
(၈၃) Myo Thant---------------------------- S$ ၁ဝ
(၈၄) May Chel----------------------------- S$ ၅ဝ
(၈၅) Thet Su------------------------------- S$ ၃ဝ
(၈၆) Aye Thinzar-------------------------- S$ ၂ဝ
(၈၇) Cho Lwin May------------------------ S$ ၅ဝ
(၈၈) Ma Khin Thandar Tin ---------------- S$ ၂ဝ
(၈၉) Ma Moe Thu ------------------------- S$ ၃ဝ
(၉ဝ) U Win Maung (Kyiang Tong) --------- S$ ၅ဝ
(၉၁) Khin Hpone Nwe --------------------- S$ ၁ဝ
(၉၂) Ko Win Mya Aung & Ma Ei Ei Tun ---- S$ ၅ဝ
(၉၃) Annonymous ------------------------- S$ ၃ဝ
(၉၄) Shumawa May Thin ----------------- S$၁ဝဝ
(၉၅) Chaw Khin--------------------------- S$ ၅ဝ
(၉၆) nn----------------------------------- S$ ၁ဝဝ

စုစုပေါင်း ကောက်ခံရရှိငွေ -------------------- S$ ၅ , ၅၉၄

စင်ကာပူမှ အလှူငွေကူညီကောက်ခံပေးသော Mee Mee Sandar အားကျေးဇူးတင်လျက်



စိုင်း(မြန်မာ)ဘက် ကောက်ခံရရှိတဲ့ ငွေစာရင်း ---
(၁) ကိုခင်မောင်အေး (ဆန်ဖရန်စစ္စကို) -------- ကျပ် ၄သိန်း ၃သောင်း (လက်ခံရရှိ)
(၂) စိုင်းသံလွင် (မလေးရှား)------------------ ကျပ် (၅၉၈၃ဝ၃.၅၉)သိန်း (လက်ခံရရှိ)
(၃) မမြင့်မြင့် ------------------------------- ကျပ် (၁ဝဝဝဝ) (လက်ခံရရှိ)
(၄) မဇာဇာဝင်း (Sea Lion Co.Ltd) -----------ကျပ် (၁၄၄,ဝဝဝ) (လက်ခံရရှိ)
(၅) ချော(အစိမ်းရောင်လွင်ပြင်)----------------ကျပ် (၁ဝဝ,ဝဝဝ) (လက်ခံရရှိ)
(၆) ဦးနာဂသေန (ကိုလံဘို၊ သီရိလင်္ကာ)-----------ထိုင်းဘတ် ၃၂ဝဝ (လက်ခံရရှိ)
(၇) ASW + CKL (ဘန်ကောက်)------------------ထိုင်းဘတ် ၁ဝဝဝ (လက်ခံရရှိ)
(၈) မြစ်ချေသူ + သူငယ်ချင်းများ (ဘန်ကောက်) -----ထိုင်းဘတ် ၂၁ဝဝ (လက်ခံရရှိ)
(၉) Wang Fan Yi (ထိုင်ဝမ်) --------------------- ထိုင်းဘတ် ၂၈၈ဝ (လက်ခံရရှိ)
(၁ဝ) အမည်မသိ -------------------------------- ထိုင်းဘတ် ၂ဝဝ (လက်ခံရရှိ)

ထိုင်းဘဏ်ထဲဝင်လာတဲ့ အလှူငွေပမာဏတွေပါ။ လှူတဲ့အလှူရှင်တွေက လွဲခကိုနုတ်ထားလား? ပေါင်းထားလား မသိဘူး.. နာမည်နဲ့တကွစစ်ဖို့ သင်္ကြန်ပြီးမှ ထိုင်းဖက်ကမ်းကို သွားစစ်ရမှာမို့ သင်္ကြန်ပြီးတဲ့အထိ ခဏသည်းခံပေးပါလို့...


Troy (အင်္ဂလန်)ဘက် ကောက်ခံရရှိတဲ့ ငွေစာရင်း--
(၁) Kathy Xu ------------------ S$ 50
(၂) Kalai & family ------------- S$ 50 (not received yet)
(၃) Kyipyar Thwe ------------- ပေါင် 20
(၄) Troy-------------------------ပေါင် 50
(၅) Sally & Zaw family ------------ပေါင် 100
(၆) Theint Theint Aung ------------ပေါင် 50


ရှမ်းရှေ့က ငလျင်ဒဏ်သင့်သူတွေအစား ပါဝင်လှူဒါန်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်...... ရရှိတဲ့ အလှူငွေစာရင်းတွေကို ဒီပို့စ်မှာပဲ အပ်ဒိတ်တင်သွားပါမယ်။

နိုင်းနိုင်းစနေ


Share/Bookmark