Sunday, January 01, 2012

နှစ်သစ်မင်္ဂလာ


ဆည်းဆာနေက လှပပေမယ့် တိုတောင်းလွန်းတယ်။
ဖြစ်ပျက်ခဲ့တဲ့ အပျော်၊ အပျက်၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသတွေ ဘယ်လောက်များခဲ့လည်း အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။

၂ဝ၁၁ခုနှစ်ဟာ သန်းခေါင်ယံမှာပဲ အတိတ်အဖြစ် ကူးပြောင်းတော့မယ်။
၂ဝ၁၂ခုနှစ်ဟာ သန်းခေါင်ယံမှာပဲ အသစ်အဖြစ်နဲ့ စတင်တော့မယ်။
အဲဒီလို ကူးပြောင်းကာလမှာ ဝမ်းမနည်းပါနဲ့၊ နောင်တ မရပါနဲ့....
အပြုံးနဲ့ ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
အဟန့်အတား၊ အနှောက်အယှက်တွေနဲ့ ရင်ဆိုင်ရချိန် ငိုဖူးခဲ့၊ ဒေါသထွက်ဖူးခဲ့လည်း သတ္တိရှိရှိ ပြန်ထရပ်ဖို့ မမေ့ပါနဲ့။

ဘယ်သူက တစ်သက်လုံး သင့်ကို လမ်းညွှန်ဆုံးမနိုင်မှာလဲ?
အမှားနဲ့ရင်ဆိုင်ကြုံတွေ့ချိန် ရှောင်မပြေးပါနဲ့၊ မလွှဲချပါနဲ့ သတ္တိရှိရှိ လက်ခံလိုက်ပါ။
အကြောင်းက သင့်ကိုယ်သင် သင်တာဝန်ယူရမှာမို့ပါ။

ဘဝမှာ ဘယ်လောက်ပဲ မောပန်းနေပါစေ၊ အလုပ်များနေပါစေ
သင့်ဘေးမှာ အဖော်ပြုနေသူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။
နောက်ကျောကို ဓားနဲ့ထိုးသူတွေ၊ မဟုတ်မမှန် သတင်းလွှင့်သူတွေ သူတို့လမ်း သူတို့သွားပါစေ....
အရေးမပါတဲ့ ကိစ္စတွေအတွက် အာရုံစားခံပြီး နားလည်ဖို့မကြိုးစားပါနဲ့၊ မဖြေရှင်းပါနဲ့.. ကိုယ့်အတွက် အကျိုးမရှိလို့ပါ။

ထက်မြက်သူတွေက ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကိုပဲ ရွေးချယ်တယ်။
ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေ စိတ်ထဲတောင် အဝင်မခံဘူး။
စဉ်းစားဆုံးဖြတ်ပြီး နားထောင်သင့်တာကို နားထောင်တယ်။

၂ဝ၁၂ ခုနှစ်ကစ အားလုံးထက်မြက်သူတွေ ဖြစ်ကြပါစေ....
၂ဝ၁၂ ခုနှစ်ကစ ပျော်ပျော်ရွှင်ရွှင်နဲ့ တိမ်ညိုတိမ်မည်းတွေဖယ်ရှားပြီး ကြည်လင်တဲ့ ကိုယ်ပိုင်ကောင်းကင်ကို လူတိုင်းဖန်ဆင်းနိုင်ပါစေ....

စာလာဖတ်သူများအားလုံး နှစ်သစ်မှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပါစေ...

ခင်မင်လေးစားလျှက်

နိုင်းနိုင်းစနေ


Share/Bookmark

8 comments:

lau said...

Wish you and your family very Happy New Year 2012 ...may all the best come together ..:)

kokoseinygn said...

နှစ်သစ်မှာ
အရမ်းချစ်တဲ့ မောင်ကြီးနဲ့အတူ
မပင်မပန်းရွှင်ရွှင်လန်းလန်းနဲ့
လိုရာခရီးကိုသက်ဆုံးတိုင်
အောင်မြင်စွာဖြတ်သန်းနိုင်ပါစေ။

ဆဲဗင်းဒီဇင်ဘာ said...

Happy 2012! I wish you a beautiful, magical new year!

syp said...

Wish !…U…! !…HAPPY…! !…. NEW YEAR….!

Anonymous said...

Ma Nine Nine, wish you a wonderful year ahead 2012 too!

KB

အောင် said...

မင်္ဂလာ နှစ်သစ်ပါ ဆရာမ မစနေ...

ပျှော်ရွှင် ချမ်းမြေ့ပြီး ပြီးပြည့်စုံတဲ့ ဘဝလှလှလေးတွေ အစဉ်ထာဝရ ရယူ ပိုင်ဆိုင်နိုင်ပါစေ...

Mae Coe said...

ပျော်ရွှင်ဖွယ်နှစ်သစ်ပါ မမး)

မြသွေးနီ said...

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...။
စာတွေ ယခုထက်ပိုပြီး ရေးသားနိုင်ပါစေ...။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျပါစေ...။