Friday, January 13, 2012

ထက်မြက်သူနဲ့ ညံ့ဖျင်းသူ


ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။


ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။


ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။


ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။


ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။


ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။


ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာထင်မြင်မိလည်း အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ မပြုံးမရယ်နိုင်ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူမှန်းသိတော့တယ်)

မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110409/178423.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

9 comments:

Anonymous said...

ညံ့ဖျင်းသူ...
ထက်မြတ်သူ...
တစ်လှည့်စီ...ဖြစ်နေပေမယ့်
ညံ့ဖျင်းသည်က..များနေပါသည်။း))


ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

ချစ်ခင်လျှက်

မိစံ

Anonymous said...

သြော်ကိုယ်ဟာညံ့ဖျင်းနေသေးပါလားလို့သင်ခန်းစာယူသွားပါတယ် ကျေးဇူးမနိုင်း

မဒမ်ကိုး said...

ကျမတော်တော်ညံ့ပါသည်း)

ခင်မင်လေးစားလျှက်

မဒိုးကန်

မြသွေးနီ said...

မသိလိုက် မသိဘာသာနဲ့ ညံ့နေခဲ့တာ...
တကယ်ကို ညံ့နေပြီ မနိုင်းရေ...
ဆင်ခြင်စရာတွေ အများသား....

lau said...

Thanks Sis :)

zp said...

ကျနော် ဒီစာကို သိပ်ကြိုက်တယ်။ ကော်ပီတောင် ကူးသွားတယ်။ အစ်မ ၉၉ ဒီထက်ကောင်းတဲ့ စာတွေ များများ မျှဝေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

Anonymous said...

မနိုင်းရဲ့ ဘာသာပြန်စာပေတွေ ဖတ်ရတာ စိတ်ဓာတ်ခွန်အားတွေ ပြန်ပြန်ပြည့်လာသလို ခံစားရပါတယ်။ မနိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ

ParGyi said...

ကျေးဇူး မ 99စနေ :)

leon said...

တစ်ကမ္ဘာလုံးကမြန်မာတွေအတွက် ခွန်အားပေးစာတွေရေးပြီးတင်နေတဲ့ မနိုင်းနိုင်းဟာလူညံ့တစ်ယောက်ဘယ်လိုမှမဖြစ်နိုင်ပါဘူး... လူတော်တစ်ယောက်ပါ =)