နှစ်စဉ်နှစ်တိုင်း ထင်းရူးတွေ အညွှန့်ထွက်ချိန်၊ မက်မွန်တွေ အပွင့်ပွင့်ချိန်မှာ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးပွဲတော်ဟာ လားဟူလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် မှီခိုဆက်ဆံမှုတွေကို ဖော်ကျူးတဲ့ ရိုးရာပွဲတော်ပါ။
လားဟူအမျိုးသားတွေဟာ မြန်မာပြည်မှာရှိတဲ့ အခြားတောင်ပေါ်သားများလိုပဲ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို တောင်ယာစပါးတွေ ရိတ်သိမ်းပြီးချိန်နဲ့ နောက်တစ်ကြိမ် မစိုက်ပျိုးမီကြား အလုပ်နားချိန်မှာ ကျင်းပလေ့ရှိကြပါတယ်။ လားဟူအမျိုးသားတွေ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်ဟာ နှစ်သစ်ကိုကြိုဆိုပြီး လူကြီးမိဘတွေကို အရိုအသေပေးတဲ့ပွဲဖြစ်သလို နောက်နှစ်အတွက် စပါးသီးနှံတွေ ဖြစ်ထွန်းမှု ရှိမရှိ နိမိတ်ဖတ်တဲ့ပွဲနဲ့ အိမ်ထောင်ဖက် ရှာတဲ့ပွဲလည်းဖြစ်ပါတယ်။
အဲဒီလို ရိုးရာအစဉ်အလာတွေနဲ့ ကျင်းပတဲ့အခါမှာ လားဟူအမျိုးသားတွေဟာ နေရာဒေသနဲ့ ဘာသာအယူဝါဒတွေ အပေါ်မှာ အခြေခံပြီး ပွဲတော်ကျင်းပတဲ့နေရာ မတူညီကြပါဘူး။ ကျင်းပတဲ့နေ့တွေဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေကတော့ ခရစ်နှစ်သစ်ကူးချိန် ဇန်န၀ါရီလ၁ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ရိုးရာနတ်ကိုးကွယ်သူတွေကတော့ မိမိတို့သတ်မှတ်ရာနေ့ရက်နဲ့ တရုတ်ပြည်မှာ နေထိုင်သူတွေကတော့ တရုတ်နှစ်သစ်ကူးရက်မှာ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

ဒုတိယနေ့ရက်မှာတော့ တစ်ရွာလုံး စုပေါင်းထမင်းစားပွဲ ကျင်းပကြပြီး တစ်နေ့လုံး တီးမှုတ်ကခုန်ကြပါတယ်။ အဲဒီလို ကပွဲအတွက် ရွာသူကြီးက တာဝန်ယူမလား၊ ရွာသားတွေအားလုံး စုပေါင်းတာဝန်ယူမလားဆိုပြီး နှစ်သစ်ကူးမတိုင်ခင်မှာ စည်းဝေးပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ ကပွဲကျင်းပရာ ပွဲလယ်မှာတော့ ထင်းရူးပင်တစ်ပင် ကိုစိုက်ပြီး အပင်ရင်းမှာ စားပွဲခုံတစ်လုံး ချထားပါတယ်။ ကွင်းလယ်မှာစိုက်ထားတဲ့ သစ်ပင်ကိုတော့ နှစ်သစ်ကူး သစ်ပင်လို့ သတ်မှတ်ပါတယ်။ အဲဒီစားပွဲပေါ်မှာ နောက်နှစ်စိုက်ပျိုးမဲ့ မျိုးစေ့တွေကို တင်ထားပြီး အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းစေဖို့ ဆုတောင်းကြပါတယ်။
(1916、1928、1940、1952、1964、1976、 1988、2000、2012)မှာ ဖွားမြင်သူတွေဟာ နဂါးနှစ်ဖွားတွေ ဖြစ်တယ်။ နဂါးနှစ်ဖွားတွေဟာ သန်မာတဲ့ခန္ဓာကိုယ်ရှိတယ်၊ တက်ကြွတယ်၊ အတွေးအခေါ်ကောင်းတယ်၊ မျက်နှာသာရတာကို နှစ်သက်သူဖြစ်တယ်။ ဘာလုပ်လုပ် အရှုံးမပေးတတ်ဘူး။ မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲတယ်။ ရည်မှန်းချက်ကြီးတယ်။ စိတ်သဘောထား ဖြောင့်မတ်တယ်။ ခေါင်းဆောင်အရည်အချင်းရှိတယ်။ အတင်းအဖျင်း မကြိုက်ဘူး။ ပင်ပန်းဆင်းရဲမှာကို မကြောက်ဘူး။ ဘာလုပ်လုပ် အတတ်နိုင်ဆုံး အစွမ်းကုန်လုပ်တယ်။
နဂါးနှစ်ဖွား မိန်းကလေး... စိတ်သဘောထားကောင်းတယ်၊ စာနာညှာတာစိတ်ရှိတယ်။ ယောက်ျားလေးတွေ နှစ်သက်တတ်တဲ့အဖော်ဖြစ်တယ်။ ဘာလုပ်လုပ် သူတစ်ပါးခိုင်းစေတာကို မကြိုက်ဘူး။ ကိုယ်တိုင် စီမံခန့်ခွဲရတာကို နှစ်သက်တယ်။
နှစ်သစ်တစ်ခါ ရောက်ရှိလာ~~~ လေနှင်းအေးအေး တိုက်ခိုက်လာ~~
အားလုံးနှစ်သစ်ကြိုဆိုကြစို့~~~ သံပြန်သီချင်းဆိုကြစို့~~~
တစ်နှစ်အမြင်သစ်~~ ဧည့်သည်သစ်များ ကြိုကြပါ ~~
လက်ခုပ်တီး ~~ ကြိုဆိုပါ.. ကြိုဆိုပါ~~~
နှစ်သစ်ကူး ~~ နှစ်သစ်ကူး ~~ သံပြိုင်သီချင်းဆိုကြစို့ ~~
ဘဝပျော်ရွှင် ဒီနှစ်စပြီး ကျွန်တော်တို့ အားကြိုးတည်ဆောက်ကြ
ဘဝရည်မှန်းချက် ~~ ငယ်စဉ်ကတည်းက ကြိုးစားကြ ~~
အောင်မြင်ရေးအတွက် ရှေ့ဆက်ပါ...

နိုင်းနိုင်းစနေ

4 comments:
ဧကာန..အစ်မက.နဂါးနှစ်ထင်ရဲ့း)
ပျော်စရာကြီးပဲအစ်မရေ..
ပွဲတွေကျင်းပတာတွေ့ရင်
ဘာပွဲပဲဖြစ်ဖြစ်.ပျော်ပါတယ်။
စတုဒီသာတို့၊ဆိုင်းသံဗုံသံတို့ပါရင်
ပိုပျော်ပါတယ် :P
ပျော်ရွှင်ပါစေရှင်
ချစ်ခင်လျှက်
မိစံ
Happy New Year ပါ မနိုင်းရေ...
လားဟူ လူမျိုးတွေရဲ့ ဓလေ့လေးကို သိခွင့်ရလိုက်တဲ့အတွက် ဗဟုသုတ ရလိုက်ပါတယ်။ ကွန်နက်ရှင်မတရားနှေးနေတာမို့ ပုံတွေ ကြည့်ခွင့် မရပါဘူး။ နောက်တစ်ခေါက် ထပ်လာကြည့်ပါဦးမယ်။
လမ်းက ယင်ကောင်တောင် ချော်လဲမှာ စိုးရတယ်... :)
်အဲလောက်ထိကောင်းသွားပီ...
တကယ်ပြောတာ အစ်မရဲ့
နဂါးနှစ်ပြီးရင် တခြားအကောင်တွေရော ရေးပေးအုံးလေနော
ခင်မင်လျှက်
seesein
Post a Comment